ပန်းချီသိုးထိန်းရဲ့ Disillusionment တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ)
မောင်တူး
·
January 22, 2021
ပန်းချီဆရာ သိုးထိန်းရဲ့ Disillusionment အမည်ရှိ တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၄ လမ်း အလယ်ဘလောက်က (Kalasa Art Space ကလသာ) အနုပညာပြခန်းမှာ ဖွင့်လှစ်ပြသနေပါတယ်။
ပန်းချီပြပွဲမှာ ခေတ်စနစ်အကြောင်းအရာတွေ၊ ဖြစ်ပျက်နေတဲ့ နိုင်ငံအရေးအခြေအနေမှာ ပန်းချီသိုးထိန်း ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို သူကြိုက်နှစ်သက်တဲ့ POP Art Style ဖန်တီးမှုမျိုးနဲ့ရေးဆွဲထားတဲ့ အရွယ်အစား ၄ ပေ ၃ ပေ၊ ၄ ပေ ၅ ပေနဲ့ ၄ ပေ ၉ ပေ အသီးသီးရှိကြတဲ့ ပန်းချီကားကြီး ၉ ကားကို ပြသ ထားပါတယ်။
အခု ပန်းချီပြပွဲကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကနေ ၂၆ ရက်အထိ ၅ ရက်တိုင်တိုင် နေ့စဉ် မနက် ၁၁ နာရီမှ ည ၇ နာရီအထိ ပြသသွားမှာ ဖြစ်ပါတယ်။