လင်ဂတ်ကို ခေါ်ယူလိုသည့်အသင်းများတွင် စပါးအသင်းပါဝင်လာ

257
မန်ယူကွင်းလယ်တိုက်စစ်ကစားသမား ဂျက်စီလင်ဂတ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ စပါး အသင်းလည်း ပါဝင်လာပါတယ်။
ဒီနှစ်ရာသီမှာ စုစုပေါင်း ၃ ပွဲသာ ကစားခွင့်ရသေးတဲ့ လင်ဂတ်ဟာ အခုအပြောင်းအရွှေ့မှာ အငှားစာချုပ်တစ်ခုနဲ့ ပြောင်းရွှေ့ကစားဖို့ ရှိနေတာပါ။
ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်၊ ဝက်စ်ဟမ်းအသင်းတွေက ခေါ်ယူ လိုသလို နည်းပြမော်ရင်ဟိုရဲ့ စပါးအသင်းကလည်း လင်ဂတ်ကို ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်လာတာပါ။
လင်ဂတ်ဟာ နည်းပြမော်ရင်ဟို လက်ထက်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဆုဖလားတွေ ရယူနိုင်ခဲ့သလို တစ်ရာသီအတွင်း ၁၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပါ။
လင်ဂတ်ကို စာချုပ်ပါအတိုင်း ယူနိုက်တက်ကတစ်နှစ်သက်တမ်းတိုးထားပြီး ပြောင်းရွှေ့ ကြေးပမာဏပေးချေမှ ထွက်ခွာခွင့်ပေးမှာ ဖြစ်ပါတယ်။
လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရင်လည်း အသင်းဟောင်းနည်းပြ ဒေးဗစ်မိုယက်စ်နဲ့ ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။