ပေါ့ဘာ၏ခြေစွမ်းကို မန်ယူနောက်ခံလူဟောင်းဖာဒီနန် ချီးကျူး

225
ပေါ့ဘာဟာ ပုံမှန်ခြေစွမ်းသာရှိမယ်ဆိုရင် အကောင်းဆုံးကစားသမား တစ်ဦးဖြစ်တယ်လို့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ချီးကျူးလိုက်ပါတယ်။
ပေါ့ဘာဟာ ဖူဟမ်ကို ၂ဂိုး ၁ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို ဧရိယာထိပ်က လှမ်းကန်သွင်းပြီး ရယူပေးခဲ့တာပါ။
BT Sport ရုပ်သံကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ နောက်ခံလူဟောင်းဖာဒီနန်ကတော့ ပေါ့ဘာရဲ့ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။
”ဒီနေ့ပွဲမှာ ပေါ့ဘာအတော်လေး ကောင်းပါတယ်။ ခံစစ်ရော တိုက်စစ်ကိုပါ လိုက်ပါ ကူညီ နိုင်ခဲ့တယ်။ တခြားပွဲတွေနဲ့ကွာခြားတာက ဒီပွဲမှာသူကဘောလုံးကို ကိုင်မထားဘဲ မြန်မြန် ပေးပို့တယ်။ ပေါ့ဘာက စာချုပ်ခေါ်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလောက် ခြေစွမ်း မတည်ငြိမ်သေးပေမဲ့ လက်ရှိ အချိန်မှာ အရေးကြီးဆုံးကစားသမားဖြစ်လာပါပြီ” လို့ ဖာဒီနန်ကပေါ့ဘာကိုချီးကျူးခဲ့ပါ တယ်။