အာဆင်နယ်အသင်းဟာ ခြေစွမ်းပြနေတဲ့ လူငယ်ကွင်းလယ်ကစားသမား စမစ်ရိုးကို လုပ်ခတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။
အသက် ၂၀ ရှိ အင်္ဂလန်ကစားသမား စမစ်ရိုးဟာ အသင်းရဲ့ ၆ ပွဲဆက်တိုက်ရှုံးပွဲ မရှိ ရလဒ်မှာ အဓိကနေရာကနေ ခြေစွမ်းပြခဲ့ တာပါ။
အသင်းနဲ့ ၂ နှစ် သက်တမ်းကျန်ရှိနေသေးပေမဲ့ သူ့ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကို ဂုဏ်ပြုတဲ့ အနေနဲ့ လက်ရှိလုပ်ခ ပေါင် ၁၅,၀၀၀ ကနေ ပေါင် ၄၀,၀၀၀ အထိ တိုးမြှင့်ပေးချေမယ်လို့ သိရပါတယ်။
နောက်ထပ် လူငယ်တိုက်စစ်ကစားသမားဖြစ်သူ ဘူကာရိုဆာကာကိုလည်း အာဆင်နယ် အသင်းက နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခပေါင် ၄၀,၀၀၀ ရရှိနေပါတယ်။
စမစ်ရိုးဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းကာ ၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။