မြစ်ရေကြီးမှုအခြေအနေသတင်း (မိုးဇလ)
DVB
·
September 19, 2013
( ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်၊ ၁၃း၀၀ နာရီ အချိန် ထုတ်ပြန်ချက်)
ဧရာဝတီမြစ်ရေသည် ဟင်္သတမြို့တွင် (၁၅-၉-၂၀၁၃) ရက်နေ့ ညနေ (၀၆း၃၀) နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး၊ ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၆၄)စင်တီမီတာ (၂.၁-ပေခန့်) ကျော်လွန်နေပါသည်။
အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၁၆-၉-၂၀၁၃) ရက်နေ့ နံနက် (၀၃း၃၀) နာရီအချိန်မှ စ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး၊ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၅၆)စင်တီမီတာ (၁.၈-ပေခန့်) ကျော်လွန်နေပါသည်။
အဆိုပါ မြစ်ရေသည် နောက် ၃ ရက်အတွင်း ၂၀ စင်တီမီတာ (၀.၇-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး၊ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။