A d v e r t i s e m e n t With Us

ရွှေတွင်းထဲ ပိတ်မိနေသည့် တရုတ်လုပ်သားများ အစာနှင့်ဆေးဝါး အကူအညီရရှိ

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံးပြည်နယ်မှာ ပြိုကျရွှေတွင်းထဲ ပိတ်မိနေတဲ့ ရွှေတွင်းလုပ်သားတွေဟာ နောက်ထပ် ဆေးဘက်အကူအညီနဲ့ စားစရာတွေကို ဇန်နဝါရီ ၁၉ ရက်က ရရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်က ဟူရှန်ရွှေတွင်း ပေါက်ကွဲခဲ့ပြီးတဲ့နောက် စုစုပေါင်း ရွှေတွင်းလုပ်သား ၂၂ ယောက် ပိတ်မိနေပါတယ်။ သီတင်းတစ်ပတ်ကြာတဲ့အခါ ကယ်ဆယ်ရေး မရပ်တန့်ဖို့ မျှော်လင့်ပါတယ်ဆိုတဲ့ ရွှေတွင်းကနေရတဲ့ စာတိုကို ရခဲ့ပြီး ရွှေတွင်းလုပ်သား ၁၂ ယောက်ထက်မနည်း အသက်ရှင်နေဆဲလို့ သိခဲ့ရပါတယ်။ အဲဒီထဲက ရွှေတွင်းလုပ်သားတစ်ယောက်ဟာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာနဲ့ မေ့မြောနေတယ်လို့လည်း သိရပါတယ်။  မြေအောက်အနက် မီတာ ၆၀၀ ကျော်မှာ ရွှေတွင်းလုပ်သား ၁၁ ယောက်ရှိတဲ့ နေရာကို ဇန်နဝါရီ ၁၇ ရက်က လွန်နဲ့တူးပြီး ကယ်ဆယ်ရေးသမားတွေဟာ ကြိုးဖုန်းကတဆင့် ရွှေတွင်းလုပ်သားတွေနဲ့ ဆက်သွယ်နိုင်ကြပါတယ်။ ရွှေတွင်းရဲ့ တစ်နေရာမှာ နောက်ထပ် လုပ်သားတစ်ဦးကို ထပ်မံတွေ့ရှိပေမယ့် ကျန်လုပ်သား ၁၀ ယောက်ရဲ့ နေရာကိုတော့ မသိရသေးဘူးလို့  ရိုက်တာက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up