A d v e r t i s e m e n t With Us

မန်ယူအသင်း ဇန်နဝါရီအပြောင်းအရွှေ့တွင် လူသစ်ခေါ်ရန်မလိုအပ်ဟု ဖာဒီနန် သုံးသပ်

ဆိုးလ်ရှားရဲ့ မန်ယူနိုက်တက်အသင်းဟာ အခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသစ်ခေါ်ယူသွားဖို့ မလိုအပ်ဘူးလို့ ဖာဒီနန်က ပြောပါတယ်။  အာမက်ဒီရယ်လိုအတွက် ပေါင် ၃၇ သန်းတန် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းဟာ ကစားသစ်ခေါ်ယူဖို့ မလိုအပ်တော့ဘူးလို့လည်း ဖာဒီနန်က သုံးသပ်ပါတယ်။  ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ အပြောင်းအရွှေ့မှာ အနည်းငယ် အလုပ်များခဲ့ပါတယ်။ အတ္တလန္တာအသင်းက ဆယ်ကျော်သက်အရွယ် တောင်ပံကစားသမား ဒီရယ်လိုကို ခေါ်ယူခဲ့ပြီး လက်ရှိအချိန်မှာ ကစားသမားဟာ အသင်းသစ်ကို အပြီးသတ်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ငယ်ရွယ်သေးတာကြောင့် အနာဂတ်အတွက် သင့်တော်ပေမဲ့ ယူနိုက်တက်အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုတိုက်ပွဲအတွက် အားဖြည့်မှုတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။  အသင်းရဲ့တိုက်စစ်နဲ့ ခံစစ်ကိုအားဖြည့်သင့်၊ မသင့် အပြန်အလှန်ငြင်းခုံမှုတွေလည်း ရှိနေခဲ့ပြီး အသင်းက စိတ်ဝင်စားခဲ့တဲ့ ဆန်ချို၊ ရာမို့စ်တို့လို ကစားသမားမျိုးကို ခေါ်ယူဖို့ ကိစ္စတွေဟာလည်း ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖာဒီနန်ကတော့ ယူနိုက်တက်အနေနဲ့ ရာသီတဝက်ကျိုးချိန် အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူနိုင်ဖို့မရှိဘူးလို့ ယတိပြတ် ပြောပါတယ်။ အသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်ဟာ မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်နေပြီး အခြေကျနေတဲ့ အသင်းရဲ့ လူစာရင်းမှာလည်း အရည်အသွေးမြင့်ကစားသမားများစွာ ရှိနေတာကြောင့် ဆိုးလ်ရှားဟာ ကစားသမားသစ်ခေါ်ဖို့ လက်ရှောင်နေလိမ့်မယ်လို့ နောက်ခံ လူဟောင်းက ပြောပါတယ်။ Stretford Paddock သတင်းနဲ့ တွေ့ဆုံခဲ့ရာမှာ ဂန္ထဝင်နောက်ခံလူဟောင်း ဖာဒီနန်က “သူ လူသစ် ခေါ်မယ်လို့ မထင်ပါဘူး။ ဆိုးလ်ရှားက ဒီရယ်လိုကို အသင်းမှာ အခြေတကျ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားတာဖြစ်ပြီး ဒီကစားသမားလေးကိုလည်း အခွင့်အရေးတချို့ ပေးအပ်သွားဖို့ ရှိပါတယ်။ ကစားသမားသစ် ခေါ်ချင်လို့ ပြောရင် ဘာမှပြဿနာမရှိပေမယ့် ဘယ်သူကရော အခုချိန်မှာ ကစားသမားကို ရောင်းချင်ပါ့မလဲ၊ စဉ်းစားရပါ့မယ်။ ဘဏ္ဍာရေးကိစ္စတွေသာ မရှိရင် ဘယ်အသင်းမှ သူတို့ကစားသမားကို ဒီလိုအချိန်မှာ လက်လွှတ်ခံချင်ကြတာမ ဟုတ်ပါဘူး။  ယူနိုက်တက်အသင်းအနေနဲ့လည်း ဒီလိုအခြေအနေမှာ ဒီလိုလုပ်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဒီအပြောင်းအရွှေ့မှာ လက်ရှောင်နေမှာ ဖြစ်ကာ ကစားသမားသစ် ခေါ်မယ်ဆိုရင်တော့ ကျနော့်အနေနဲ့ အံ့သြမိပါလိမ့်မယ်” လို့ ဖာဒီနန်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up