A d v e r t i s e m e n t With Us

ပိုလျှံ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆင်းရဲသည့်နိုင်ငံများထံ အီးယူ ဝေမျှမည်

ပိုလျှံတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ပိုမိုဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဖရိကဆီ ဝေမျှမယ့် လုပ်ငန်းစဉ်တစ်ရပ်ကို  ဥရောပကော်မရှင်က တည်ထောင်လိုတယ်လို့ အီးယူကျန်းမာရေး အကြီးအကဲက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။ လူဦးရေ သန်း ၄၅၀ ရှိတဲ့ အီးယူဟာ ကုမ္ပဏီပေါင်း ၆ ခုကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ စမ်းသပ် ကိုဗစ်ကာကွယ်ဆေး  ၂ ဒသမ ၃ ဘီလီယံနီးပါး ဝယ်ယူထားပါတယ်။ အဲဒီထဲက ကာကွယ်ဆေး အများစုဟာ စည်းမျဉ်းခွင့်ပြုချက် လိုအပ်နေဆဲ ဖြစ်ပါတယ်။ ကိုဗက်စ်အစီအစဉ် တင်းပြည့်ကျပ်ပြည့် မလည်ပတ်မီ ဆင်းရဲတဲ့နိုင်ငံတွေကို ကာကွယ်ဆေး ပေးမယ်လို့ အီးယူ ကျန်းမာရေးကော်မရှင်နာက အီးယူလွှတ်တော်အမတ်တွေကို ပြောပါတယ်။ အီးယူကာကွယ်ဆေး ဝေမျှရေးအစီအစဉ်ဟာ အနောက်ဘော်လ်ကန်ဒေသနိုင်ငံတွေ၊ မြောက်အာဖရိကနဲ့ ဆင်းရဲတဲ့ ဆာဟာရ အောက်ပိုင်းအာဖရိကန်နိုင်ငံတွေက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ထိခိုက်လွယ်ဆုံး လူတွေကို ဦးစားပေးသွားမယ်လို့ ကျန်းမာရေးကော်မရှင်နာ ကီရာကီဒက်စ်က ဆိုပါတယ်။ ဒါပေမဲ့ အီးယူအနေနဲ့ အဲဒီပိုလျှံကာကွယ်ဆေးတွေကို လှူဒါန်းမှာလား၊ ရောင်းချမှာလား ဆိုတာက မသဲကွဲသေးပါဘူး။ ဆွီဒင်ဟာ ပိုလျှံကာကွယ်ဆေးတွေကို ရောင်းချဖို့  ယန္တရားတရပ် ထူထောင်ထားပါတယ်။ ကာကွယ်ဆေး ဝေမျှရေးကို အီးယူ အစိုးရတွေက ဆုံးဖြတ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up