ဆာလာ၏ တစ်ကိုယ်ကောင်းဆန်စွာကစားမှုအပေါ် မိုက်ကယ်အိုဝင် ဝေဖန်

453
လီဗာပူး တိုက်စစ်မှူးဆာလာရဲ့ တကိုယ်ကောင်းဆန်ဆန် ကစားပုံက ပြဿနာတရပ် ဖြစ်လာနေတယ်လို့ ကစားသမားဟောင်း မိုက်ကယ်အိုဝင်က ဝေဖန်လိုက်ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး နောက်ဆုံး ၃ ပွဲမှာဆိုရင် သွင်းဂိုး ၁ ဂိုးမှ သွင်းယူနိုင်ခြင်း မရှိခဲ့တာပါ။
လီဗာပူး ကစားသမားဟောင်းတစ်ဦးဖြစ်သူ မိုက်ကယ်အိုဝင်ကတော့ လီဗာပူးအသင်းရဲ့ ရလဒ်ဆိုးတွေမှာ ဆာလာရဲ့ တကိုယ်ကောင်းဆန်မှုတွေက ပြဿနာတစ်ခုဖြစ်လာတယ်လို့ ဝေဖန်သွားခဲ့တာပါ။
လီဗာပူးအသင်းမှာ တကိုယ်ကောင်းဆန်မှုတွေ မြင်တွေ့နေရပြီး မိုဆာလာက ဘောလုံးပြန်ပေးတာ လုံလုံလောက်လောက် မရှိကြောင်း အိုဝင်က ဝေဖန်ခဲ့တာပါ။
ဆာလာအနေနဲ့ အသင်းဖော် မာနေးကို ဘောလုံးပြန်ပေးလေ့မရှိတာကြောင့် အချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ရှိနေကြတယ်လို့တောင် ခန့်မှန်းသုံးသပ်မှုတွေ ရှိခဲ့ပါသေးတယ်။
ဆာလာဟာ ဒီရာသီအစပိုင်း ကာလမှာတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူထားပေမယ့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ ရက်က ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ၂ ဂိုး သွင်းခဲ့ပြီးနောက် ဂိုးပေါက်ပျောက်ဆုံးနေတာ လိဂ်ပွဲစဉ် ၄ ပွဲဆက်ရှိနေပြီ ဖြစ်ပါတယ်။