A d v e r t i s e m e n t With Us

ဟောင်ကောင်၊ ထိုင်ဝမ်နှင့်ပတ်သက်ပြီး အမေရိကန်အရာရှိများကို ဒဏ်ခတ်မည်ဟု တရုတ်ပြော

ဟောင်ကောင်နဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ကသိကအောက်ဖြစ်စရာ အမူအကျင့်ရှိတဲ့ အမေရိကန်အရာရှိတွေကို ဒဏ်ခတ်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်အစိုးရက အမေရိကန်နဲ့ ထိုင်ဝမ်အရာရှိတွေကြား ဖလှယ်မှုတွေအပေါ် ကန့်သတ်ချက်တွေကို ဖယ်ရှားအပြီးမှာ ခုလို ပြောလိုက်တာပါ။ ဟောင်ကောင်မှာ လတ်တလော လူထုမငြိမ်သက်မှုအတွင်း အမေရိကန်ဟာ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်က အရာရှိ ၆ ယောက်ကို ဇန်နဝါရီ ၁၅ ရက်က ဒဏ်ခတ် ပိတ်ဆို့ခဲ့လို့ တရုတ်အစိုးရက ဒေါသထွက်ခဲ့ပါတယ်။ အမေရိကန်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်က သက်ဆိုင်ရာ အမေရိကန် အရာရှိတွေကို ဒဏ်ခတ်ဖို့ ဆုံးဖြတ်ပြီးပြီလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချွန်းယဉ်က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မီဒီယာကို ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံ အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေးဟာ ဆယ်စုနှစ်တွေအတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်နေပါတယ်။ ထိုင်ဝမ်၊ ဟောင်ကောင်၊ လူ့အခွင့်အရေး၊ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကူးစက်ကပ်ဘေး၊ တောင်တရုတ်ပင်လယ်အရေး၊ ကုန်သွယ်ရေးနဲ့ သူလျှိုမှုတွေ အပါအဝင် အရေးကိစ္စ အတော်များများမှာ သဘောမတူတာတွေ ရှိနေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up