A d v e r t i s e m e n t With Us

တူနီးရှားနိုင်ငံတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

တူနီးရှားနိုင်ငံ မြို့တွေမှာ ဇန်နဝါရီ ၁၈ ရက်နှောင်းပိုင်းက ရာချီတဲ့ လူငယ်တွေနဲ့ ရဲတွေ ထိပ်တိုက်ပဋိပက္ခဖြစ်ခဲ့ပါတယ်။ မြို့တော်တူးနစ်မှာ လူငယ်တွေက ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ကြပြီး လုံခြုံရေးတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရေအမြောက်တွေနဲ့ ငြိမ်သက်အောင် ကြိုးပမ်းခဲ့ပါတယ်။ တက်ဒါမွန်ခရိုင်မှာ လူငယ် ၃၀၀ ခန့်နဲ့ ရဲတွေ ပဋိပက္ခ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် တခြားမြို့တွေမှာလည်း ပဋိပက္ခတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။  တူနီးရှားနိုင်ငံကို ဒီမိုကရေစီ ဆောင်ကြဉ်းလာပေမယ့် နိုင်ငံသားအများစု တိုးတက်မှု မရှိခဲ့တဲ့ အာရပ်နွေဦး တော်လှန်ရေး ၁၀ နှစ်ပြည့်အပြီးမှာ အဓိကရုဏ်းနဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။  ကာလရှည် အလုပ်လက်မဲ့ များနေမှုနဲ့ ပြည်သူ့ဝန်ဆောင်မှု ညံ့ဖျင်းတဲ့အပေါ် တူနီးရှား နိုင်ငံသားတွေက ဒေါသထွက်နေကြပါတယ်။ ဒါပေမဲ့လည်း ရှင်းလင်းတဲ့အစီအမံ၊ နိုင်ငံရေး ခေါင်းဆောင်မှုနဲ့ အဓိကပါတီကြီးတွေနဲ့ ထောက်ခံမှု မရှိတာကြောင့် ဆန္ဒပြပွဲတွေ အရှိန်တက်လာမလား၊ တစစ ပျောက်ကွယ်သွားမလား ဆိုတာ မသဲကွဲဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up