ဓာတ်ခွဲခန်းသုံးဝက်များကဲ့သို့ နိုင်ငံသားများကို ကိုဗစ်ဆေးစမ်းသပ်ခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်ပြော

1.1K
ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာက သူ့နိုင်ငံသားတွေကို ကိုဗစ်-၁၉ ကာ ကွယ်ဆေး ထိရောက်မှု စမ်းသပ်ဖို့ ဓာတ်ခွဲခန်းသုံး ဝက်တွေလို အသုံးချတာမျိုး ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
ကာကွယ်ဆေးကို ထိုင်းနိုင်ငံထဲမှာ မသုံးခင် ဘေးကင်းတာ သေချာစေဖို့ အရေးကြီးတဲ့ မူဝါဒကို ချမှတ်ပေးထားပြီးသားလို့ ပရာယွတ်သ်က ပြောပါတယ်။
“ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်စရာ တခုခု၊ ဒါမှမဟုတ် ကျန်းမာရေး အခြေအနေ၊ အသက်အရွယ်စတဲ့ အချက်အလက်တွေအပေါ် (ဆေးဘက်ဆိုင်ရာ) ကျွမ်း ကျင်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ စောင့်ရပါမယ်”လို့ ဝန်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ် ခ်လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့တာပါ။
အပြည့်အဝ မစမ်းသပ်ရသေးတဲ့ ကာကွယ်ဆေးကို သုံးဖို့ ဘယ်လို အလျင်စလို လုပ်ရပ်ကိုမဆို ခွင့်ပြုမှာ မဟုတ်ဘူး နိုင်ငံကိုလည်း စမ်းသပ်ခံအဖြစ် အသုံးချခွင့်ပြုမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
လတ်တလောမှာတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၂,၄၂၃ ယောက်ရှိနေပြီး သေဆုံးသူ အယောက် ၇၀ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။