ဆင်ခြေထောက် ရောဂါအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းချက်
DVB
·
September 18, 2013
ပြီးခဲ့တဲ့ ရက်သတ္တပတ်က မြန်မာနိုင်ငံမှာ အစိုးရက ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးခဲ့ပါတယ်။ အဲ့ဒီ ကာကွယ်ဆေးတိုက်ကျွေးမှုရဲ့ နောက်ဆက်တွဲမှာ လူတွေ အော့အန်တာ၊ မူးဝေတာနဲ့ နှလုံးရောဂါအခံရှိတဲ့သူတယောက် ဆေးသောက်အပြီး သေဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေ မီဒီယာစာမျက်နှာတွေပေါ်မှာ ဆက်တိုက်ထွက်ပေါ် လာပါတယ်။
ဆင်ခြေထောက်ရောဂါကာကွယ်ဆေးဟာ ကြောက်စရာမလိုဘဲ စိတ်ချလက်ချ သောက်သုံးနိုင်တဲ့အကြောင်းနဲ့ ဝန်ကြီးဌာနပိုင်းက လူထုကို ထိထိရောက်ရောက် ကြိုတင်အသိပညာပေးမှုမှာ အားနည်းတဲ့အပိုင်းတွေရှိတာကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ သွေးလွန်တုပ်ကွေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်နီနီအေးက ပြောပါတယ်။
အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။