အိန္ဒိယတောင်ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့ မာနီပယ်လ်ဆေးရုံတွေက ကျန်းမာရေးလုပ်သားတွေ ဇန်နဝါရီ ၁၇ ရက်ကစပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို စတင်ထိုးနှံနေပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထိုးတဲ့ လှုပ်ရှားမှုလို့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ အစိုးရက ခေါ်ဝေါ်လိုက်တဲ့ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ အိန္ဒိယဟာ လူစုလိုက် ရောဂါပြီးစနစ်ကို ဖန်တီးဖို့ ပြည်သူ ၁ ဒသမ ၃၅ ဘီလီယံလုံးကို ကာကွယ်ဆေးထိုးဖို့ လိုကောင်းမှ လိုမယ်လို့လည်း ပြောထားပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံ လူဦးရေရဲ့တဝက်ကို ကာကွယ်ဆေး ထိုးရင်တောင် အမေရိကန်ကလည်း သူ့နိုင်ငံသားအားလုံးကို ကာကွယ်ဆေး ထိုးရင်တောင် အိန္ဒိယရဲ့အစီအစဉ်ဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထိုးတဲ့ အစီအစဉ် ဖြစ်နေဦးမှာပါ။ ကာကွယ်ဆေးအထိုးခံတဲ့ လူတွေဟာ အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ အဲ့စ်ထရာဇနေကာတို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးနဲ့ အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ပြည်တွင်းဖြစ် ဘာရတ် ဘိုင်အိုတက်ခ် ကုမ္ပဏီထုတ် ကာကွယ်ဆေးကြား ဘယ်ဆေးကို ထိုးမယ်လို့ ရွေးချယ်ခွင့်ရမှာ မဟုတ်ပါဘူး။ ဆေး နှစ်မျိုးလုံးကို ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး ဘားရတ် ဘိုင်အိုတက်ခ်က ထုတ်လုပ်တဲ့ ကာကွယ်ဆေးရဲ့ ထိရောက်မှုကိုလည်း မသိရသေးပါဘူး။ အမေရိကန် ပြီးရင် ကူးစက်ခံဦးရေ အများဆုံးနိုင်ငံ ဖြစ်နေတဲ့ အိန္ဒိယဟာ ဒီနှစ် ပထမ ၆လနဲ့ ၈ လအတွင်း ပြည်သူ သန်း ၃၀၀ ကို ကာကွယ်ဆေး ထိုးဆေး ၂ လုံး ထိုးပေးချင်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ လောလောဆယ် ဇန်နဝါရီ ၁၇ ရက်အထိ အိန္ဒိယမှာ ပြည်သူ ၁၀ ဒသမ ၅ သန်းကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ကူးစက်ခံ အယောက် ၁ သိန်းခွဲကျော် သေဆုံးခဲ့ပြီးပါပြီ။ အိန္ဒိယဟာ ကျန်းမာရေးနဲ့ ရှေ့တန်းလုပ်သား သန်း ၃၀၊ အဲဒီနောက် သန့်ရှင်းရေးနဲ့ လုံခြုံရေး ဝန်ထမ်းတွေကို ပထမဆုံး ကာကွယ်ဆေးထိုးပေးမှာပါ။ သူတို့နောက်မှာတော့ အသက် ၅၀ အထက် ပြည်သူ သန်း ၂၇၀ ကို ကာကွယ်ဆေးထိုးပေးမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up