တူနီးရှားတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

Tunisian protesters clash with riot police during demonstrations against rising prices and tax increases, in Tunis, Tunisia January 12, 2018. REUTERS/Zoubeir Souissi
တူနီးရှားနိုင်ငံ မြို့တော် တူးနစ်နဲ့ တခြားမြို့ အတော်များများမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုတွေ ဒုတိယမြောက်နေ့အဖြစ် ဇန်နဝါရီ ၁၇ ရက်က ဆက်လက်ဖြစ်နေပါတယ်။ နိုင်ငံကတော့ စီးပွားရေး အကျပ်အတည်းကို မကြုံစဖူး ရင်ဆိုင်နေရတာပါ။ ဆယ်ကျော်သက် အများစုပါတဲ့ လူ ၂၄၀ ကို ဖမ်းခဲ့တယ်လို့ အာဏာပိုင်တွေက အစောပိုင်းမှာ ပြောပါတယ်။ ဆန္ဒပြရာမှာ လူတွေက ရှင်းလင်းတဲ့ တောင်းဆိုချက်တွေ မတောင်းခဲ့လို့ ဆူပူအုံကြွမှုအဖြစ် အာဏာပိုင်တွေက တံဆိပ်တပ်ခဲ့ပါတယ်။ မြို့တော်အတွင်း ဆယ်ကျော်သက် ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ထားပြီး ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ သူတို့ကို လူစုခွဲဖို့ ရဲတွေက ရေအမြောက်တွေနဲ့ မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးခဲ့ကြပါတယ်။ ဆင်းရဲမွဲတေမှု၊ အဂတိလိုက်စားမှုနဲ့ မတရားမှုတွေကို ဆန့်ကျင်တဲ့ တော်လှန်ရေးအပြီး ဆယ်နှစ်အကြာမှာ တူနီးရှားဟာ ဒီမိုကရေစီကျင့်သုံးမှု တိုးတက်ခဲ့ပေမယ့် စီးပွားရေးပြဿနာတွေ ပိုဆိုးလာခဲ့ပါတယ်။ နိုင်ငံရေးသြဇာလွှမ်းဖို့ တိုက်ပွဲအတွင်း သူ့အစိုးရအဖွဲ့ဝင် နေရာတွေကို အပြောင်းအလဲ လုပ်ခဲ့တဲ့ တူနီးရှား ဝန်ကြီးချုပ် ဟီချမ်မေချီချီ အစိုးရအတွက် ဒီဆန္ဒပြပွဲတွေဟာ စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ စီးပွားရေးချွတ်ခြုံကျမှု ချောက်ကမ်းပါးပေါ် နိုင်ငံဟာ တဲတဲလေး တင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up