ကိုဗစ်ကာလ KTV များကို အရေးယူထားသည့်အမှု ၄၃ မှုရှိ၊ ရန်ကုန်တိုင်းက အများဆုံးဖြစ်
DVB
·
January 18, 2021
ကိုဗစ်ကာလအတွင်းမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ KTV တွေကို အရေးယူထားတဲ့ အမူပေါင်း ၄၃ မှုရှိပြီး ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟက DVB ကို အတည်ပြုပါတယ်။
ရန်ကုန်တိုင်းတခုတည်းမှာ ၁၄ မူရှိပြီး မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ၆ မှု၊ မန္တလေးတိုင်းမှာ ၅ မှု၊ စစ်ကိုင်းတိုင်းမှာ ၃ မှု၊ မကွေးတိုင်းမှာ ၂ မှုနဲ့ နေပြည်တော် ၁ မှုစီ အရေးယူထားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် တရားမဝင်ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်း ၃၁ မှုရှိပြီး ရန်ကူန်တိုင်းက ၁၀ မှုနဲ့ အများဆုံးဖြစ်ပါတယ်။
ပြစ်ကျူးလွန်သူတွေကို သက်ဆိုင်ရာတိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ် ၂၅၊ ဥပဒေပုဒ်မ ၃၀(က) တို့နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ရဲမှူးကြီးကျော်သီဟက အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကနေစတင်ပြီး ရန်ကုန်တိုင်းထဲမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ KTV တွေ ဆက်တိုက်ဆိုသလို အရေးယူခံနေရပြီး လူသိများသူတချို့လည်း ပုဒ်မ ၃၀(က) နဲ့ အရေးယူခံနေရပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဟာ ဆိုင်မန်နေဂျာနဲ့ တာဝန်ခံတွေကို အရေးယူတာဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)ကတော့ လာရောက်စားသုံးသူတွေကိုအရေးယူတာဖြစ်ပြီး အာမခံနိုင်တဲ့ပုဒ်ဖြစ်ပါတယ်။