မြစ်ရေကြီးမှု အခြေအနေသတင်း (မိုးဇလ)
DVB
·
September 18, 2013
( ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်၊ (၁၃း၀၀)နာရီ အချိန် ထုတ်ပြန်ချက်)
ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် (၁၄-၉-၂၀၁၃)ရက်နေ့ (၀၀း၃၀) နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၃၇)စင်တီမီတာ (၁.၂-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် (၁၈-၉-၂၀၁၃)ရက်နေ့ (၀၄း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၄)စင်တီမီတာ ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အာက်သို့ ကျဆင်းနိုင်ပါသည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၁၇-၉-၂၀၁၃)ရက်နေ့ (၁၉း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၄) စင်တီမီတာ ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနိုင်ပါသည်။