နာဆာ၏ လပေါ်သွားမည့် ဒုံးကျည်စနစ် ပထမဆုံးအကြိမ် စမ်းသပ်

အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာရဲ့ ဘိုးရင်းက တည်ဆောက်ထားပြီး အာကာသထဲမှာ နက်နက်ရှိုင်းရှိုင်း စူးစမ်းရှာဖွေမယ့် ဒုံးကျည်ဖြစ်တဲ့ အာကာသ လွှတ်တင်ရေးစနစ် SLS ကို ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၁၆ ရက်က စမ်းသပ်နေပါတယ်။ ၂၀၂၄ ခုနှစ်မှာ လူတွေ လပေါ် တကျော့ပြန် ခြေချနိုင်ရေး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက တွန်းအားပေးနေခဲ့ပြီး တနှစ်ကျော် နှောင့်နှေးနေတဲ့ နာဆာရဲ့ အာတီးမစ် အစီအစဉ်အောက်မှာ မောင်းသူမဲ့ဒုံးပျံ လွှတ်တင်ရေးမတိုင်ခင် အရေးပါတဲ့ ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။ စနေနေ့က စမ်းသပ်ချက်ဟာ ဒုံးပျံရဲ့ အဲရိုဂျက်ရော့ကဒ်ဒိုင်း အာရ်အဲ့စ် ၂၅ အင်ဂျင် ၄ လုံးကို ၈ မိနစ်ကြာ စမ်းသပ် မောင်းနှင်တာကို ကြီးကြပ်စစ်ဆေးတာပါ။ ဒုံးပျံ လွှတ်တင်ချိန်မှာ ဒုံးပျံအတွင်း အခြေအနေတွေကို ဆင်တူသိနိုင်ဖို့ စမ်းသပ်တာ ဖြစ်ပြီး ဒုံးပျံလောင်စာ ဂါလန် ၇ သိန်း ကုန်အောင်သုံးပြီး ပေါင်ချိန် ၁ ဒသမ ၆သန်း အလေးချိန်ကို တွန်းကန်တင်ပေးနိုင်တဲ့အားကို စမ်းသပ်ခဲ့ပါတယ်။ အင်မတန်လေးတဲ့ SLS စနစ် တည်ဆောက်ရေးအတွက် အချိန် ၃ နှစ်ယူရပြီး အမေရိကန် ဒေါ်လာ ၃ ဘီလီယံကျော် ရန်ပုံငွေ သတ်မှတ်ထားပါတယ်။ ကာလကြာရှည် နှောင့်နှေးနေတဲ့ အစိုးရ စီမံကိန်းဟာ တက်သစ်စ ပုဂ္ဂလိကကဏ္ဍ နည်းပညာတွေရဲ့ ဖိအားကို ခံနေရပြီး နည်းပညာ ပြောင်းသုံးရေးနဲ့ပတ်သက်ပြီး နာဆာအတွက် အကဲခတ်သူတွေ ငြင်းခုံနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up