အသင်းတိုင်းကို အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိဟု မက်ဂွိုင်းယား ပြော

187
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ ခံစားမှုမျိုးရှိနေပြီလို့ လီဗာပူးနဲ့ မကစားခင်မှာ မက်ဂွိုင်းယားက ပြောပါတယ်။
မန်ယူအသင်းဟာ ဒီည ၁၁ နာရီမှာ အမ်ဖီးလ်ကွင်းမှာ လီဗာပူးနဲ့ ယှဉ်ပြိုင်သွားရမှာပါ။
မန်ယူအသင်းက ကမ္ဘာ့ပေါ်မှာ အကြီးမားဆုံး ကလပ်အသင်းဖြစ်တွေ့တဲ့ အသင်းတိုင်းအပေါ်မှာ အနိုင်ယူမယ်ဆိုတဲ့ စိတ်နဲ့ကစားသွားမယ်လို့ ဆိုပါတယ်။
အသင်းသားတွေကြားထဲမှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး ရှိနေပြီး လီဗာပူးနဲ့ပွဲမှာ ပြသသွားချင်တယ်လို့ နောက်ခံလူ မက်ဂွိုင်းယားက ပြောပါတယ်။
မန်ယူအသင်းဟာ ဒုတိယနေရာက လီဗာပူးကို ၃ မှတ်ဖြတ်ထားပြီး အနိုင်ရမယ်ဆိုရင်တော့ ၆ မှတ်အထိ အမှတ်ဖြတ်ထားပြီး ဦးဆောင်နိုင်မှာဖြစ်ပါတယ်။