Live
Home
မြန်မာသတင်း
ဖားကန့်မြို့၏ အရှေ့မြောက်ဘက်တွင် အင်အား ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင်
DVB
·
January 17, 2021
ကချင်ပြည်နယ် ဖားကန့်မြို့ရဲ့ အရှေ့မြောက်ဘက်မှာ ဒီနေ့မွန်းလွဲပိုင်းက အင်အား ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၃ နာရီ၊ ၂၉ မိနစ်၊ ၅၁ စက္ကန့်အချိန်က ဖားကန့်မြို့ရဲ့ အရှေ့မြောက်ဘက် ၂၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၉၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၄၆ ဒီဂရီ၊ အနက် ၃ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ် တွန်းဇံမြို့ရဲ့ အနောက်မြောက်ဘက်မှာလည်း ဒီနေ့မနက်အစောပိုင်းက အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024