A d v e r t i s e m e n t With Us

ဝါရှင်တန်ဒီစီမြို့ကို အသွားအလာ ပိတ်ဆို့ကန့်သတ်

ဒီသီတင်းပတ်ကုန်ရက်မှာ အမေရိကန်နိုင်ငံက ပြည်နယ် ၅၀ ရဲ့ မြို့တော်တွေမှာ သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံတဲ့ ချီတက်ပွဲတွေအတွက် ပြင်ဆင်နေလို့ ရဲအရာရှိတွေကို တပ်လှန့်ထားသလို အမေရိကန်နိုင်ငံရဲ့ မြို့တော်ဝါရှင်တန်ဒီစီကို အသွားအလာပိတ်ဆို့ ကန့်သတ်ထားပါတယ်။ ဇန်နဝါရီ ၆ ရက်က တပြည်လုံး လှုပ်ခတ်သွားတဲ့ အောက်လွှတ်တော် အကြမ်းဖက် စီးနင်းမှုမျိုး ထပ်မဖြစ်အောင် ဟန့်တားဖို့ ထောင်ချီတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို တပ်ချထားပါတယ်။ ဇန်နဝါရီ ၁၆ ရက်ကစပြီး ပြည်နယ် ၅၀ လုံးက လွှတ်တော်အဆောက်အအုံတွေ အပြင်ဘက်မှာ လက်နက်ကိုင်ဆန္ဒပြသူတွေ ရောက်လာနိုင်တဲ့ ဖြစ်နိုင်ခြေကို ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI က ရဲဌာနအသီးသီးဆီ သတိပေးထားပါတယ်။ ရွေးကောက်ခံ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး ရာထူးလက်ခံမှာပါ။ သမ္မတထရမ့်က သူ မဲရှုံးရတာ ရွေးကောက်ပွဲမှာ မဲလိမ်လို့ ဆိုတဲ့ မှားယွင်း ပြောဆိုချက်အား ဆုပ်ကိုင်ထားတဲ့သူ့ကို ထောက်ခံသူတွေက ယမ်းပုံမီးကျ ဒေါသထွက်နေကြပါတယ်။ မီချီဂံ၊ ဗာဂျီးနီးယား၊ ဝစ္စကိုဆင်၊ ပင်ဆယ်လ်ဗေးနီးယားနဲ့ ဝါရှင်တန်ပြည်နယ်တွေမှာ လုံခြုံရေးအားဖြည့်ဖို့ အမျိုးသားအစောင့်တပ်ကို တပ်လှန့်ထားပြီး တက်ဆပ်ပြည်နယ်ကတော့ သမ္မတ ကျမ်းကျိန်မယ့်နေ့မှာ လွှတ်တော်ကို ပိတ်ထားမှာပါ။ မြို့တော်ဝါရှင်တန်ရဲ့ မြို့လယ်ကောင်မှာ လွှတ်တော်ရဲကင်းစခန်းကို သောကြာနေ့က ဖြတ်သွားဖို့ ကြိုးစားတဲ့ ဗာဂျီးနီးယားပြည်နယ် သားတယောက်ဟာ မောင်းတင်ထားတဲ့ သေနတ်နဲ့ ကျည်ကတ် ၅၀၀ လောက် အပါအဝင် ပွဲတက်ရောက်ခွင့် အထောက်အထား အတုတွေကို ကိုင်ဆောင်ထားလို့ အရာရှိတွေက ဖမ်းဆီးခဲ့တယ်လို့ CNN သတင်းဌာနက ရဲတွေကို ကိုးကားပြီး စနေနေ့မှာ ကြေညာပါတယ်။ အောက်လွှတ်တော်ကို လုံခြုံရေး တာဝန်ယူထားတဲ့ ရဲဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက် မပေးသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up