ကုမ္ပဏီများက သိမ်းထားသည့် မြေဧက ၃ သန်းနီးပါး ဘာမှမသုံးပဲ ရှိနေ

အရင်က လူကြီးတွေရဲ့ သားသမီးတွေ၊ အခုလက်ရှိ လူကြီးတွေရဲ့ သားသမီးတွေအပါအ၀င် ကုမ္ပဏီပေါင်း ၆ ထောင်ကျော်ဟာ မြေလွတ်မြေရိုင်း ဧက ၄ သန်းနီးပါး သိမ်းယူထားပြီး ၂၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ဧက ၁ သန်းနီးပါးလောက်ကိုပဲ အသုံးပြုပြီး ကျန် မြေဧက ၃ သန်းနီးပါးကို ဘာမှမလုပ်ပဲ ဒီအတိုင်းထားထားတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ လယ်ယာမြေနဲ့ မြေလွတ်မြေရိုင်း အသုံးပြုခြင်းကိစ္စ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အဲဒီ မြေဧက ၃ သန်းနီးပါး (၂ သန်း ၉ သိန်း) နဲ့ ပတ်သက်ပြီး မြေသိမ်းထားသူတွေကို ခေါ်တွေ့မယ်၊ နောက် မလုပ်နိုင်ရင် ပြန်အပ်ခိုင်းမယ်လို့ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up