မြင်းခြံစက်မှုဇုန် ဝါကြိတ်စက်နှင့်ဆီစက်လုပ်ငန်းတွင် မီးလောင်
DVB
·
January 17, 2021
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံစက်မှုဇုန် ဝါကြိတ်စက်နဲ့ ဆီစက်လုပ်ငန်းခွင်တခုမှာ ဒီနေ့ မနက် ၄ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
မီးလောင်ရာနေရာကို မြင်းခြံခရိုင်နဲ့ မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းက မီးငြှိမ်းသတ်ယာဉ်တွေ၊ သန္ဓေနဲ့အရန်မီးသတ်တပ် ဖွဲ့ဝင် ၅၀ ကျော်နဲ့သွားရောက် ငြှိမ်းသတ်ခဲ့တာကြောင့် နာရီဝက်ခန့်အကြာမှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ဝါစေ့ဂိုဒေါင်တစ်လုံး၊ ဆီကြိတ်စက်အမိုးနဲ့ မြင်းမိုရ်ပိတ်အချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြင်းခြံ မြို့ နယ်မီးသတ်တပ်ဖွဲ့စခန်းက သိရပါတယ်။
လက်တစ်လောတော့ လျှပ်စစ်ဝါယာ မိန်းဘုတ်စ်က စတင်လောင်ကျွမ်းခဲ့ကြောင်း သုံးသပ်ထားတယ်လို့ မြင်းခြံမြို့နယ် မီးသတ်တပ်ဖွဲ့စခန်း ဦးစီးအရာရှိ ဦးအောင်ကိုသန့်က ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီး ဝါကြိတ်စက်ပိုင်ရှင် ဦးဇော်လင်းဖြိုးကို မြင်းခြံမြို့ မရဲစခန်းမှာ (ပ)၁၉/၂၀၂၁ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
သတင်း - ရဲထွဋ်၊ ဓာတ်ပုံ မြင်းခြံမီးသတ်