အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်တဲ့နေ့ သတ်မှတ်

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကို အဂတိလိုက်စားမှုအာဏာတည်တဲ့နေ့အဖြစ် သတ်မှတ်လိုက်ကြောင်း သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး အမိန့်ကြေညာစာ ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ဥပဒေကို စပြီး ကျင့်သုံးနိုင်တဲ့ နေ့ရက် သတ်မှတ်လိုက်တာဖြစ်ပြီး ဒီနေ့ရက် မတိုင်ခင်က ကျူးလွန်ထားတဲ့ အဂတိလိုက်စားမှုဆိုင်ရာ ပြစ်မှုတွေကိုလည်း ဒီ ဥပဒေနဲ့ အရေးယူ နိုင်တယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ ဒီဥပဒေ ထုတ်ပြန်စဉ်ကာလနဲ့ အာဏာတည်တဲ့နေ့ သတ်မှတ်တဲ့ အမိန့်ကြေညာစာမှာ ဘယ်အချိန်တုန်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အကျုံးမ၀င်စေရဆိုတဲ့ သီးခြား ကန့်သတ်ချက်မျိုး မပါတဲ့အတွက် ဘယ်အချိန်က ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှု ဖြစ်ပါစေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up