A d v e r t i s e m e n t With Us

တပ်မတော်ထောက်ခံပွဲနှင့် ရွေးကောက်ပွဲတရားမျှတမှုရရေး ဆန္ဒပြပွဲ ဦးဆောင်သူကို အမှုဖွင့်

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ တပ်မတော်ထောက်ခံပွဲနဲ့ ရွေးကောက်ပွဲတရားမျှတမှုဆိုင်ရာ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးခင်ကိုလတ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနဲ့ ဇန်နဝါရီ ၁၆ ရက်နေ့က အမှူဖွင့်လိုက်တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက သိရပါတယ်။ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက “ဟုတ်ပါတယ်၊ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူကို သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူ အမှူဖွင့်ထားပါတယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက်နေ ဦးခင်ကိုလတ် ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်သူ အင်အား ၂၉ ဦးလောက်ဟာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်မယ့်အကြောင်း အသိပေးပြီး ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ ၁၄ ရက်နေ့  ဆန္ဒဖော်ထုတ်ရာမှာ ဝန်းရံသူတွေနဲ့ အင်အား ၃၀၀ ကျော် ရှိခဲ့တာကြောင့် အမှုဖွင့် အရေးယူတယ်လို့ သိရပါတယ်။ မိတ္ထီလာမြို့မရဲစခန်းမှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ဦးခင်ကိုလတ်အား အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁ နှစ်ရှိတဲ့ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်တာကို သိလျက်နဲ့ တမင်ပြုလုပ်မှု၊ ညွှန်ကြားချက်ကို လိုက်နာဖို့ ပျက်ကွက်မှု၊ သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က) နဲ့ မိတ္ထီလာမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up