ဒက်ကလန်ရိုက်ကို ချဲလ်ဆီးနှင့် မန်ယူ မကမ်းလှမ်းထားဟု ဝက်စ်ဟမ်းနည်းပြပြော

202
ကွင်းလယ်လူ ဒက်ကလန်ရိုက်အတွက် ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေက ကမ်းလှမ်းထားတာ မရှိကြောင်း ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က အတည်ပြုပါတယ်။
အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်ကို ချဲလ်ဆီးက ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ဒီနှစ်ရာသီမှာ မန်ယူအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။
ဒက်ကလန်ရိုက်အတွက် ချဲလ်ဆီးနဲ့ မန်ယူအသင်းဆီက ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရှိကြောင်းနဲ့ သတင်းမှားတွေသာ ဖြစ်တယ်လို့ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က ပြောပါတယ်။
ဒက်ကလန်ရိုက်ဟာ အသင်းအတွက် ခမ်းနားတဲ့ စွမ်းဆောင်မှုတွေ လုပ်ဆောင်ထားပြီး အသင်းခေါင်းဆောင် မာ့ခ်နိုဘယ်လ်ပါဝင် ကစားနိုင်ခြင်းမရှိတဲ့ ကွင်းလယ်မှာ ကြီးမားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ နည်းမိုယက်စ်က ပြောပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အသက် ၂၂ နှစ်ရှိ ဒက်ကလန်ရိုက်အတွက် ပေါင်သန်း ၇၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။