A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတွင် ငလျင်ကြောင့် ၄၂ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ စူလာဝေစီ ကျွန်းပေါ်မှာ ဇန်နဝါရီ ၁၆ ရက်က အားကောင်းပြီး အနက်တိမ်တဲ့ ငလျင်တရပ် လှုပ်ခတ်ခဲ့လို့ လူ ၄၂ ယောက်ထက် မနည်း သေဆုံးပြီး အိမ်တွေ အဆောက်အအုံတွေ ပျက်စီးခဲ့သလို မြေပြိုခဲ့ပါတယ်။ အင်အား ရစ်(ချ်)တာစကေး ၆ ဒသမ ၂ ရှိတဲ့ ငလျင်အပြီး အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေတဲ့ ရှင်သန်ကျန်ရစ်သူတွေကို ရှာဖို့ ကယ်ဆယ်ရေးသမားတွေ အသည်းအသန် ကြိုးစားနေပါတယ်။ မြေပြင်တုန်ခါမှုတွေအပြီး ငလျင်လှုပ်ခဲ့လို့ အိမ်ခြေ အလုံး ၄၀၀၊ ဟိုတယ် ၂ ခု၊ ဆေးရုံတရုံနဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူးရုံးတို့ ပျက်စီးခဲ့ပါတယ်။ လူအတော်များများ ပိတ်မိနေနိုင်ပြီး လူအယောက် ၈၂၀ ကျော် ဒဏ်ရာရခဲ့သလို လူအယောက် ၁ သောင်းခွဲကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ တာဝန်ရှိသူတွေပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up