Home
မြန်မာသတင်း
အင်းတော်ကြီးဒေသတွင် လူထုအခြေပြုသဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်မည်
DVB
·
January 16, 2021
ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ ဒေသခံပြည်သူအကျိုးအတွက် လူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖော်ဆောင်သွားမယ်လို့ သိရပါတယ်။ အင်းတော်ကြီး ဇီဝအဝန်းနယ်မြေ စီမံအုပ်ချုပ်မှုလုပ်ငန်းတွေနဲ့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့က အင်းတော်ကြီးမြို့ သဘာဝပြတိုက်မှာ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနဲ့ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ FFI တို့ပူးပေါင်းပြီး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက "ဒေသခံပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို အဓိကထားတယ်။ ဒီအကျိုးစီးပွားပေါ်မူတည်ပြီးတော့ ဒေသခံတွေကလည်း အင်းတော်ကြီး ဇီဝအဝန်းနယ်မြေကို ကာကွယ်ထိန်းသိမ်းရင်းနဲ့ သူတို့အကျိုးစီးပွားတွေကို ဆောင်ရွက်လို့ရတယ် ဆိုတာကို သဘောပေါက်နားလည်အောင် အဓိကဆွေးနွေးပါတယ်။ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းရင်းနဲ့ ခရီးသွားတွေဆီက အခကြေးငွေရယူသလို ခရီးသွားဖွံ့ဖြိုးလာရင်လည်း အခကြေးငွေကနေပြီး သဘာဝထိန်းသိမ်းရေးကို ပြန်ပြီးပံ့ပိုးသွားနိုင်မှာ ဖြစ်တယ်။” လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းကို ဖော်ဆာင်မယ့် ဒေသခံကျေးရွာတစ်ရွာကို ၅၀ ရာခိုင်နှုန်းကျော် ဖော်ဆောင်မယ်ဆိုပါက မြေနေရာနဲ့ ငွေကြေးချမှတ် စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။  ပထမဆုံး စတင်အကောင်အထည်ဖော်မယ့် ကျေးရွာတွေကတော့ အင်းရှေ့ကမ်းမှာ လုံးစန့်ကျေးရွာနဲ့ အင်းနောက်ကမ်းမှာ တုံစံခကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024