A d v e r t i s e m e n t With Us

၁၂ ကြိမ်မြောက်ထီ သိန်း ၁၀၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၂ သောင်းကျော် လာမထုတ်သေး

ပြီးခဲ့တဲ့ ၁၂ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကနေ ကျပ်သိန်း ၁၀၀၀ ဆု အပါအဝင် ဆုငွေ ကျပ်သိန်းပေါင်း ၁၇,၀၀၀ ‌ကျော် တန်ဖိုးရှိတဲ့ ဆုမဲပေါင်း ၂ သောင်းကျော်ကို အခုထိ လာမထုတ်သေးဘူးလို့ အောင်ဘာလေ သိန်းဆုဌာနခွဲက ထုတ်ပြန်ပါတယ်။ ဒီဆုငွေတွေကို အခု ဇန်နဝါရီ ၂၉ ရက် နောက်ဆုံးထားပြီး ရန်ကုန်နဲ့ မန္တလေးက အောင်ဘာလေသိန်းဆုဌာနခွဲတွေမှာ လာထုတ်ကြဖို့နဲ့ မထုတ်တဲ့ဆုတွေကို ဘဏ္ဍာသိမ်းမယ်လို့ ဆိုပါတယ်။ အများဆုံး လာမထုတ်ကြတာက ကျပ် ၅ သောင်းဆုတွေပဲ ဖြစ်ပေမယ့် အရေအတွက် အများကြီးဖြစ်လို့ ၁၂ ကြိမ်မြောက်အတွက် လာမထုတ်ကြတာမှာ ကျပ်သိန်း ၉,၀၀၀ လောက်၊ ၁၁ ကြိမ်မြောက်တုန်းက ကျပ်သိန်း ၈,၄၀၀ ကျော်၊ ၁၀ ကြိမ်မြောက်တုန်းက ကျပ်သိန်း ၈,၁၀၀ ကျော်ရှိနေတာကို တွေ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ် ဖော်ဖော်ဝါရီ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ ၁၂ ကြိမ်မြောက်အတွက် လာမထုတ်ကြတဲ့ ဆုမဲတွေကတော့ ကျပ်သိန်း ၁၀၀၀ ဆု ၁ ဆု၊ ကျပ်သိန်း ၅၀၀ ဆု ၂ ဆု၊ ကျပ်သိန်း ၂၀၀ ဆု ၇ ဆု၊ ကျပ်သိန်း ၁၀၀ ဆု ၆ ဆု၊ ကျပ်သိန်း ၅၀ ဆု ၆ ဆု၊ ကျပ် သန်း ၂၀ ဆု ၁၁ ဆု၊ ကျပ် ၁၀ သိန်းဆု ၁၁ ဆု၊ ကျပ် ၃ သိန်းဆု ၅၀၊ ကျပ် ၂ သိန်းဆု ၃၃၆ ဆု၊ ကျပ် ၁ သိန်းဆု ၂,၉၆၂ ဆုနဲ့ ကျပ် ၅ သောင်းဆု ၁၇,၄၉၄ ဆုတို့ ဖြစ်ပါတယ်။ ဒါကြောင့် စုစုပေါင်း ကျပ်သိန်း ၁၇,၁၆၁ ရှိပြီး လစဉ်မှာလည်း လာထုတ်မယူတဲ့ ဆုမဲပေါင်း ၂ သောင်းလောက်စီ ရှိနေတာပါ။

A d v e r t i s e m e n t With Us

More News
Up