Home
မြန်မာသတင်း
ကေအိုင်အိုနှင့်အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောက်တိုဘာတွင် စတင်နိုင်ဖွယ်ရှိ
DVB
·
September 17, 2013
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရရဲ့ ပြည်ထောင်စု  ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ဟာ အောက်တိုဘာလဆန်းလောက်မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စတင်နိုင်ဖွယ်ရှိနေပါတယ်။ [caption id="attachment_43468" align="alignright" width="300" caption="ကေအိုင်အိုနှင့်အစိုးရ ပြီးခဲ့တဲ့ မေ ၂၈ ရက်က ဆွေးနွေးစဉ်"][/caption] အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ အလုပ်အဖွဲ့တွေ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ဒုတိယနေ့အဖြစ် ဒီနေ့ ဆက်လက် ဆွေးနွေးခဲ့ပြီး အောက်တိုဘာ လဆန်းလောက်မှာ ပြည်ထောင်စု အဆင့် နှစ်ဘက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲစနိုင်ဖို့မျှော်လင့်ကြောင်း တက်ရောက်သူတွေက ပြောပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့ ဆွေးနွေးပွဲမှာတော့ ခေါင်းစဉ် ၅ ခုကို အဓိကထား ဆွေးနွေးခဲ့တဲ့အကြောင်း ဆွေးနွေးပွဲတက်ရောက်သူတဦးဖြုစ်တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။ “ခေါင်းစဉ် ၅ ခုနဲ့ အဓိကထား ဆွေးနွေးတယ်။ အဲဒီခေါင်းစဉ်တွေကတော့ နောက်တကြိမ်လုပ်မယ့်အစည်းအဝေး၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲမှု၊ နောက် အပစ်အခတ် စောင့်ကြည့်ရေး ကော်မတီ၊ အိုင်ဒီပီ၊ နောက်တခုက အထွေထွေဆိုပြီး ၅ ခုပါတယ်။ ကျနော်တို့ နှစ်ဖက် အဖြစ်နိုင်ဆုံးပေါ့လေ။ ကျနော်တို့က ဆုံးဖြတ်ချက် ချနိုင်တဲ့သူတွေမဟုတ်ဘူး။ အဖြစ်နိုင်ဆုံးကတော့ အောက်တိုဘာလ ပထမပတ် အကုန်လောက်မှာ နှစ်ဖက်ခေါင်းဆောင်တွေပါတဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ရှိမယ်၊ နောက်တခုက အလုပ်အဖွဲ့တွေ နောက်တကြိမ် ထပ်ပြီးတော့ လကုန်လောက်မှာ တွေ့နိုင်ဖို့ ရှိတယ်။” အရင် ရက်ပိုင်းအတွင်း အစိုးရတပ်ဘက်က အရာရှိတဦးကို ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (ကေအိုင်အေ) က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိစ္စရပ်တွေအပေါ် ဆွေးနွေးခဲ့ခြင်း ရှိမရှိ မေးမြန်း ရာမှာတော့ တပ်ကိစ္စဖြစ်တဲ့ အတွက် သူ့အနေနဲ့ ပြောဆိုစရာ မရှိပေမယ့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီက ကေအိုင်အိုထံ စာပို့ထားတယ်လို့လည်း ဦးလှမောင်ရွှေ က ပြောပါတယ်။ နှစ်ဖက် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့တွေ စက်တင်ဘာ ၁၆ ရက်နေ့ ဆွေးနွေးပွဲမှာတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကိစ္စတွေ၊ အစိုးရနဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေ နောက်တကြိမ်ကျင်းပဖို့ ကိစ္စနဲ့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေကိစ္စ ဆွေးနွေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024