အမေရိကန် ကျန်းမာရေးဝန်ကြီး အဲလက်စ်အက်ဇာ ရာထူးက နုတ်ထွက်

အမေရိကန်ကွန်ဂရက် အဆောက်အအုံ တိုက်ခိုက်ခံရတာကို ရည်ညွှန်းပြီး ကျန်းမာရေးဝန်ကြီး အဲလက်စ်အက်ဇာဟာ ရာထူးက နုတ်ထွက်သွားတယ်လို့ ဇန်နဝါရီ ၁၅  ရက်နေ့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။  အမေရိကန်ကျန်းမာရေးဝန်ကြီး ရာထူးက နုတ်ထွက်မှုဟာ ကွန်ဂရက် တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ သမ္မတထရမ့်အပေါ် ဒုတိယအကြိမ် ပြစ်တင်စွပ်စွဲတာနဲ့ တိုက်ဆိုင်နေပါတယ်။  ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ  လက်ရှိသမ္မတ ထရမ့်က  ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့ပါတယ်။ သမ္မတထရမ့်ဟာ ရွေးကောက်ပွဲ ရှုံးနိမ့်တာကို ဝန်မခံဘဲ ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ ရှိတယ်လို့ အထောက်အထားမဲ့ ပြောဆိုခဲ့ပါတယ်။  ဇန်နဝါရီ ၆ ရက်မှာတော့ သမ္မတ ထရမ့်ကို ထောက်ခံသူတွေက ကွန်ဂရက် အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၁ ယောက်အပါအဝင် လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။  အဲဒီနောက်မှာတော့ ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင် ပို့ဆောင်ရေး ဝန်ကြီးနဲ့ ပညာရေးဝန်ကြီးတို့က ကွန်ဂရက် တိုက်ခိုက်ခံရတာကို အကြောင်းပြုပြီး ရာထူးက နုတ်ထွက်ခဲ့ပါတယ်။  အခုတစ်ခါ ကျန်းမာရေးဝန်ကြီး အဲလက်စ်အက်ဇာဟာလည်း ကွန်ဂရက် အကြမ်းဖက်ခံရတာကို ရည်ညွှန်းပြီး ရာထူးက နုတ်ထွက်သွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up