လစ်လပ် လက်ထောက်ဆရာဝန်ရာထူးနေရာ ၈၄၀ အတွက် ၆၁ ဦးလျှောက်၊ ၄၉ ဦးရွေးချယ်
DVB
·
January 16, 2021
လစ်လပ်နေတဲ့ လက်ထောက်ဆရာဝန်ရာထူးနေရာ ၈၄၀ အတွက် လျှောက်လွှာခေါ်ယူခဲ့ရာမှာ ၆၁ ယောက် လျှောက်ထားခဲ့ပြီး ဒီထဲက ၄၉ ယောက်ကို ပထမအသုတ်အနေနဲ့ ရွေးချယ်လိုက်ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ကတဆင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကစလို့ လျှောက်လွှာခေါ်ယူခဲ့တာဖြစ်ပြီး ဒါဟာ ပထမအကြိမ်လျှောက်ထားလာသူတွေလို့ ရာထူးဝန်အဖွဲ့က ဆိုပါတယ်။
လက်ရှိမှာ ဝန်ထမ်းတွေ လိုအပ်နေတာကြောင့် လျှောက်တဲ့အရေအတွက်အပေါ် မူတည်ပြီး ရေးဖြေစစ်ဆေးတာ၊ စိတ်အခြေအနေ စစ်ဆေးတာနဲ့ လူတွေ့စစ်ဆေးတာတွေကို ကင်းလွတ်ခွင့်ပြုထားပါတယ်။
ဒါ့အပြင် ရွေးချယ်ခံရပြီးတဲ့နောက်မှာလည်း လတ်တလောမှာ ဗဟိုဝန်ထမ်း တက္ကသိုလ်တွေမှာ ဖွင့်တဲ့ အရာထမ်းလောင်း အခြေခံသင်တန်းတွေ မတက်ရသေးဘဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ ခန့်အပ်တာဝန်ပေးသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်နိုင်ဖို့အတွက် ဆိုပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေက နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း (ခ) နဲ့ နောက်ဆုံးနှစ် ဘီဒီအက်စ် သင်တန်းတွေကို ဖေဖော်ဝါရီလထဲမှာ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။