A d v e r t i s e m e n t With Us

ပင်နယ်တီနှင့်ပတ်သက်ပြီး ဝေဖန်မှုများအပေါ် ဂရုမစိုက်ဟု ဘရူနိုဖာနန်ဒက်စ် တုံ့ပြန်

တခြားသူတွေက သူ့ရဲ့ ပင်နယ်တီမှတ်တမ်းနဲ့ပတ်သက်ပြီး ပြောဆိုနေတာတွေအပေါ် လုံးဝဂရုမစိုက်ဘူးလို့ ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။  ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ပင်နယ်တီကနေ ဂိုးပေါင်းများစွာ သွင်းယူနေသူလည်း ဖြစ်ပါတယ်။  ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ အရေးပါဆုံးကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ဂိုးဖန်တီးမှုတွေ၊ သွင်းဂိုးတွေနဲ့ စံချိန်တွေကိုလည်း ချိုးဖြတ်နေပါတယ်။  ပေါ်တူဂီသားဟာ ဒီရာသီပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၅ ဂိုး၊ ဂိုးဖန်တီးမှု ၉ ကြိမ်အထိရ ရှိထားပေမယ့် ဝေဖန်ရေးသမားတွေကတော့ ၁၅ ဂိုးထဲက ၇ ဂိုးဟာ ပင်နယ်တီဖြစ်ကြောင်းနဲ့ သူဟာ ၄၈ ပွဲမှာ ပင်နယ်တီ ၁၅ ဂိုးအထိ သွင်းယူထားသူဖြစ်တယ်လို့ ထောက်ပြပါတယ်။ ဒါပေမယ့်ကစားသမားကတော့ ဒီလိုဝေဖန်မှုတွေက သူ့အတွက် ဘာအနှောင့်အယှက်မှ မဖြစ်စေဘူးလို့  ပြောပါတယ်။  “ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ပြောတာကို နားလည်းမထောင်သလို၊ ဂရုလည်းမစိုက်ပါဘူး။ သူတို့တွေ အမြဲလိုလိုပြောနေပေမယ့် ကျနော့်ဂရုမစိုက်ပါဘူး။ ကျနော်ပေါ်တူဂီမြေမှာ ကစားခဲ့ဖူးပါတယ်။ ခင်ဗျားသာ စပို့တင်း၊ ဘင်ဖီကာနဲ့ ပေါ်တိုတို့မှာ ကစားတယ်ဆိုရင် လူတွေက ဒီလိုကိစ္စတွေကို လိုက်ပြောနေလေ့ရှိပါတယ်။ ဒါဟာ ဒိုင်ကို ဖိအားပေးဖို့ဖြစ်နိုင်သလို သတင်းစာတွေထဲမှာ ခေါင်းကြီးပိုင်းကပါဖို့ ကြိုးစားမှုလည်း ဖြစ်နိုင်ပါ တယ်။ ကျနော့်အတွက်အရေးကြီးဆုံးကတော့ ကျနော်တို့ပင်နယ်တီရတယ်။ ကျနော်ကန်ရမယ်ဆိုရင် ကိုယ့်အလုပ်ကိုယ်လုပ်သွားဖို့ပါပဲ” လို့ ပြောပါတယ်။ “စတားလင်းပင်နယ်တီ ၃ လုံးဆက်လွဲခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းသတင်းတွေမှာ တွေ့ခဲ့ပါတယ်။ ဒါက ပင်နယ်တီကန်ရတာက လူတွေပြောသလို မလွယ်ဘူးဆိုတာပြနေပါတယ်။ ခင်ဗျားအနေနဲ့ ကြိုးစားရမယ်။ အာရုံစိုက်ရမယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့လိုအပ်ပါတယ်။ ၃ လုံးဆက် ပင်နယ်တီလွဲလို့ စတားလင်းဟာ ပင်နယ်တီညံ့သူလို့ဆိုလိုတာမ ဟုတ်ပါဘူး။ ဒါမျိုးက ကျနော်လည်း ဖြစ်နိုင်ပါတယ်။ ပင်နယ်တီဟာ အားလုံးအတွက်  ပေးထားတဲ့ ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် လူတွေဘာပြောပြော နားမထောင်ဘဲ ကိုယ်လုပ်စရာ ရှိတာလုပ်ဖို့က အရေးကြီးဆုံးပဲဖြစ်ပါတယ်” လို့ဖာနန်ဒက်စ်က ဆက်လက်ပြောကြားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ရောက်လာပြီးတဲ့ ၁၁ လတာ ကာလအတွင်း အသင်းအတွက် သက်ရောက်မှုကြီးကြီးမားမားဖြစ်စေခဲ့သူဖြစ်ပြီး ဒီကာလအတွင်းမှာလည်း တစ်လတာအကောင်းဆုံးကစားသမား ဆုကို ၄ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ပေါ်တူဂီသားကတော့ သူ့ဆီက ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ထွက်လာဦးမယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up