A d v e r t i s e m e n t With Us

ဂျာမနီတွင် ကိုဗစ်ကြောင့်သေနှုန်းမြင့်လာသဖြင့် အလျင်မီအောင် မီးသင်္ဂြိုဟ်နိုင်ရေး ကြိုးပမ်းနေရ

ဂျာမနီနိုင်ငံမှာ ကိုဗစ်-၁၉ နဲ့ သေဆုံးသူတွေကို အလျင်မီအောင် မီးသင်္ဂြိုဟ်ဖို့ မီးသင်္ဂြိုဟ်စက်ဟာ မနည်းကြိုးပမ်းနေရတယ်လို့ တာဝန်ရှိသူတဦးက ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။  ကပ်ရောဂါ ဒုတိယလှိုင်းမှာ အထိနာတဲ့ နိုင်ငံအရှေ့ပိုင်း ဆက်ဇိုနီပြည်နယ်မှာ သေဆုံးနှုန်းက နှစ်ဆတက်လာပြီး အလုပ်သမားတွေဟာ တစ်ပတ်လုံးလုံး နေ့ရောညပါ လုပ်နေရတယ်လို့ မီးသင်္ဂြိုဟ်စက် မန်နေဂျာက ရိုက်တာကို ပြောဆိုပါတယ်။  ဒါ့အပြင် သေဆုံးသူရဲ့ သွေးချင်း ဆွေမျိုးတွေဟာ အလောင်းကို နှုတ်ဆက်ခွင့်တောင် မရဘဲ ပြာအိုးသာ လက်ခံရရှိတယ်လို့  သွေးရင်းတွေရဲ့ ကြေကွဲဖွယ်အဖြစ်ကို မန်နေဂျာ ယို့ရှိုင်ဒါက ပြောပြပါတယ်။  ဂျာမနီမှာ ကိုဗစ်-၁၉ ကူးစက်သူ ၂ သန်းကျော် ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ လေးသောင်းခွဲနီးပါး ရှိတယ်လို့ ဇန်နဝါရီလ ၁၅ ရက်မှာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။  ဂျာမန် အဓိပတိ အန်ဂျလာမာကယ်ကလည်း ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပဖို့ မူလစီစဉ်ထားတဲ့ အစည်းအဝေးကို တစ်ပတ်ရှေ့တိုးပြိး ဇန်နဝါရီ ၁၉ ရက်မှာ ကျင်းပသွားမှာပါ။   အဓိပတိ မာကယ်ဟာ ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုနဲ့ လူစုလူဝေးတွေမှာ ပါဝင်သူတွေကို လျှော့ချဖို့အတွက် တင်းကျပ်တဲ့ အစီအမံတွေကို ဆွေးနွေးသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up