A d v e r t i s e m e n t With Us

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတာကြောင့် အန်ဂါနဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။  ပိုချက်တီနိုဟာ ဇန်နဝါရီ ၂ ရက်ကမှ ပီအက်စ်ဂျီနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ပွဲစဉ် ၃ ပွဲသာ ကိုင်တွယ်ခဲ့ရသေးတာပါ။ မာဆေးကို အနိုင်ရခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ဆုဖလားနဲ့အတူ အောင်ပွဲခံခဲ့တဲ့ ပိုချက်တီနိုဟာ နောက်တစ်နေ့မှာ ကိုဗစ် စစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိခဲ့တာပါ။ ဒါကြောင့် ပိုချက်တီနိုအနေနဲ့ သီးသန့်နေထိုင်နေပြီး လက်ထောက်နည်းပြတွေဖြစ်တဲ့  ပီရက်ဇ်နဲ့ မီဂွယ်တို့က အန်ဂါနဲ့ပွဲကို တာဝန်ယူသွားမယ်လို့ အသင်းက သတင်းထုတ်ပြန်ပါတယ်။ ပီအက်စ်ဂျီအသင်းသားတွေထဲမှာ ဒက်ဘာ၊ ကတ်ရီယာနဲ့ ရာဖင်ဟာတို့မှာလည်း ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့ပြီး သီးသန့်နေထိုင်စေတယ်လို့ အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။  နာမည်ကြီး တိုက်စစ်မှူးတွေဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေတို့ကတော့ ကိုဗစ်ကူးစက်ခံရခြင်း မရှိခဲ့တာကြောင့် အန်ဂါနဲ့ပွဲမှာ ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up