A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတွင် ငလျင်ကြောင့် သေဆုံးသူ ၃၅ ဦးရှိလာ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ဇန်နဝါရီ  ၁၅ ရက်က ပြင်းအား ၆ ဒသမ ၂ မဂ္ဂနီကျူ့ရှိတဲ့ မြေငလျင်လှုပ်ခဲ့တာကြောင့် လူ  ၃၅ ယောက်ရှိလာပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။  လူပေါင်း ထောင်ချီ နေအိမ်တွေကနေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးကို ဆက်လုပ်နေပါတယ်။ ဒေသစံတော်ချိန် မနက် ၁ နာရီကျော်အချိန်မှာ မြေငလျင် လှုပ်ခဲ့တာဖြစ်ပြီး နေအိမ် အလုံး ၆၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီက ပြောပါတယ်။  မြေငလျင်ဗဟိုချက်မြောက်ပိုင်း မမ်မူဂျူဒေသက  ဟိုတယ်နှစ်လုံး၊ အစိုးရ အဆောက်အဦ ၁ လုံးနဲ့ ရှော့ပင်းမော်လ်တခုအပါအဝင် အဆောက်အဦတချို့ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တယ်လို့  ဒေသခံသတင်းထောက်တဦးက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။  အပြိုအပျက်တွေအောက် ပိတ်မိနေသူ အများအပြားရှိတယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။  မြေငလျင်ကြောင့် ဆူနာမီလှိုင်းသတိပေးချက် မထုတ်ပြန်ခဲ့ပေမယ့် နောက်ဆက်တွဲငလျင်တွေ လှုပ်နိုင်တယ်လို့ အင်ဒိုနီးရှားမိုးလေဝသနဲ့ ဘူမိအေဂျင်စီ (BMKG) က သတိပေးထားပါတယ်။ နောက်ထပ် အားပြင်း ငလျင်ဟာ ဆူနာမီ ဖြစ်နိုင်တယ်လို့လည်း  BMKG က ဆိုပါတယ်။  သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ဘေးအန္တရာယ်ဇုန်က ပြည်သူတွေကို မစိုးရိမ်ကြဖို့ အားပေးတိုက်တွန်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up