A d v e r t i s e m e n t With Us

ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် STOP Covid-19 စာတန်းနဲ့ အဝါရောင်ကမ်ပိန်းကို ဇန်နဝါရီ ၁၅ ရက်က အင်းစိန်မြို့နယ် တညင်းကုန်းဈေးကြီးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦဖြိုးမင်းသိန်း ဦး‌ဆောင်ပြီး  ပြုလုပ်ခဲ့ပါတယ်။ တညင်းကုန်းဈေးသည်ဈေးရုံ ၄ ရုံနဲ့ ဆိုင်ခန်းပေါင်း ၅၆၀၀ ကျော်ရှိကာ နေ့စဉ် ဈေးဝယ်သူအများအပြားရှိတဲ့ ဟင်းသီးဟင်းရွက်လက္ကားဈေးကြီးတစ်ခုဖြစ်ပါတယ်။ ရန်ကုန်တိုင်း‌‌ဒေသကြီးတွင် Yellow Campaign ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းကပြုလုပ်နေပြီး ဝန်ကြီးချုပ်ကိုယ်တိုင် ဖဲကြိုးဖြတ်ခြင်း၊ mask ဝေငှတာတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

Photo - Lin Thurein Kyaw / MPA

A d v e r t i s e m e n t With Us

More News
Up