A d v e r t i s e m e n t With Us

ထိုင်းတွင် တောင်ပေါ်စခန်းအပန်းဖြေသူ ၁ ဦး ဆင်နင်းခံရသဖြင့် သေဆုံး 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင် ပါချောင့်မြို့နယ်ရှိ ခေါင်ယိုင်သဘာဝ သစ်တောဥယာဉ်ထဲမှာ ဒီကနေ့မနက်က ရွက်ဖျင်တဲထဲ အိပ်ပျော်နေသူတဦး ဆင်နင်းခံရပြီး သေဆုံးသွားပါတယ်။  သစ်တောဥယျဉ်ရှိ ဖာကွေ့မိုက်စခန်းရှေ့မှာ ဒီနေ့မနက်က တောဆင်တစ်ကောင် ဝင်ရောက်လာပြီး သောင်းကျန်းဟစ်အော်နေတယ်လို့ အကြောင်းကြားချက်ရတဲ့အတွက် သစ်တောဦးစီးမှူးနဲ့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးရာမှာ စခန်းနဲ့မနီးမဝေး ရွက်ဖျင်တဲတခုအနီး သေဆုံးနေတဲ့ နိုင်းပရာ ယုဒ်ကျစ်ဘွန်း အမည်ရှိ အသက် ၈၀ အရွယ် ခရီးသည်တစ်ဦးရဲ့ အလောင်းကိုတွေ့ရတာပါ။     အဆိုပါနေရာမှာ ထိုင်း နဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ရွက်ဖျင်တဲတွေနဲ့ လာရောက် အပန်းဖြေနားနေကြောင်း၊ ဒီနေ့မနက် ၂ နာရီလောက်မှာတော့ သူတို့တွေ အိပ်မောကျနေစဉ် ဆင်အော်သံကြားလို့ လန့်နိုးကြပြီး ကစဉ့်ကလျားထွက်ပြေးကြတယ်လို့ ခရီးသည်တွေက ပြောပါတယ်။  အဆိုပါဆင်ဟာ  ရွက်ဖျင်တဲတစ်လုံးကို ဖျက်ဆီးပြီး လူကိုပါ နင်းလိုက်တဲ့အတွက် အဲဒီ လူဟာ အပြင်ကို လွင့်စင်လာပြီး သစ်ပင်နဲ့ထပ်ဆောင့်မိတာလို့  ခရီးသည်တွေက ပြောပါတယ်။   သေဆုံးသူဟာ ဥဒွန်းဌာနီခရိုင်ကနေ ကိုယ်ပိုင်ကားနဲ့ လာရောက်သူဖြစ်ကြောင်း၊ သူ့ရဲ့ ရွက်ဖျင်တဲက တခြားသူတွေနဲ့ အနည်းငယ်အလှမ်းဝေးသလို တဲနားရပ်ထားတဲ့ ကားထဲမှာလည်း စားစရာ သစ်သီးဝလံတွေ တင်ဆောင်လာကြောင်း၊ ဆင်ကြီးဟာ အစာရှာထွက်ရင်း သစ်သီးဝလံ အနံ့ရလို့ အဲဒီနားရောက်လာပြီး မုန်ယိုချိန်လည်းဖြစ်တဲ့အတွက် တွေ့ရာလူကို ဝင်နင်းသွားတာဖြစ်နိုင်တယ်လို့  ဖာကွေ့မိုက်သစ်တောဦးစီးမှူးက ပြောပါတယ်။  အဆိုပါဆင်မှာ ဖလိုင်းဒိလို့ခေါ်တဲ့ ဆင်ထီးဖြစ်ပြီး သစ်တောဦးစီးဌာနရဲ့ထိန်းသိမ်းမှု အောက်ရောက်လာတာ ၉ ရက်လောက်သာရှိသေးကြောင်း၊ အခုလိုခရီးသွားဧည့်သည်တွေကို အနန္တရာယ်ဖြစ်စေတဲ့အပေါ် စုံစမ်းစစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အပန်းဖြေစခန်းကိုလည်း ယာယီပိတ်ထားလိုက်ပြီလို့ သစ်တောဦးစီးမှူးက ပြောသွားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up