အမေရိကန်စီးပွားရေးတွန်းအားပေးမည့် ဒေါ်လာ ၁.၉ ထရီလီယံအစီအစဉ်ကို သမ္မတသစ်ကြေညာ

ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ အမေရိကန်စီးပွားရေးကို တွန်းအားပေးမယ့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံ အစီအစဉ်ကို ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က  ဇန်နဝါရီ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။  စီးပွားရေးကို အမြန်စတင်ဖို့နဲ့ ကပ်ရောဂါ တုံ့ပြန်ရေးကို  အရှိန်မြှင့်ဖို့ ရဲရင့်တဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်တယ်ဆိုတဲ့ မှတ်ချက်စကားကိုလည်း ဘိုင်ဒင်က ဆိုခဲ့ပါတယ်။ မနှစ်က ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ဘိုင်ဒင်က ကပ်ရောဂါ တုံ့ပြန်ရေးကို သမ္မတ ထရမ့်ထက် ပိုအလေးထားမယ်လို့ ကတိပြုခဲ့ပြီး ဒီအစီအစဉ်ဟာ  ကပ်ရောဂါတုံ့ပြန်ရေးနဲ့ စီးပွားရေး နာလန်ထရေးအတွက် ရင်းမြစ်တွေ စုပြုံထည့်သွင်းပြိး ရွေးကောက်ပွဲ ကတိကဝတ်ကို အကော်ထည်ဖော်ဖို့ ရည်ရွယ်ပါတယ်။ "လူတွေ အကြိးအကျယ် ဒုက္ခရောက်နေတဲ့ပြဿနာကို အထင်းသားမြင်နေရပြီး အချိန်ဖြုန်းရမှာ မဟုတ်ဘူး။ အခုပဲ ဆောင်ရွက်ရမယ်" လို့ ဘိုင်ဒင်က  ပြောဆိုခဲ့ပါတယ်။   ဘိုင်ဒင်ရဲ့ အကူအညီပေးရေး အစီအစဉ်မှာ ကပ်ရောဂါ တုံ့ပြန်ရေးနဲ့ ကာကွယ်ဆေး ဖြန့်ချိရေးအတွက် အမေရိကန်ဒေါ်လာ ၄၁၅ ဘီလီယံ၊ အိမ်ထောင်စုတွေကို တိုက်ရိုက်ထောက်ပံ့ငွေ ဒေါ်လာ ၁ ထရီလီယံ  နဲ့ ကပ်ရောဂါကြောင့် အထိနာခဲ့တဲ့ လုပ်ငန်းငယ်တွေနဲ့ အသိုက်အဝန်းတွေအတွက် အကြမ်းဖျင်း ဒေါ်လာ ၄၄၀ ဘီလီယံတို့ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up