ကုလားတန်မြစ် ဘက်စုံစီမံကိန်းကိစ္စ အိန္ဒိယအစိုးရနှင့် ဆွေးနွေးမည်
DVB
·
September 17, 2013
လုပ်ငန်းတွေ စတင်နေပြီဖြစ်တဲ့ ကုလားတန်မြစ် ဘက်စုံစီမံကိန်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့ တိုင်းရင်းသားပါတီ ၂ ခုက ကိုယ်စားလှယ်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က တာဝန်ရှိသူတွေဟာ အိန္ဒိယနိုင်ငံကို သွားရောက်ပြီး အိန္ဒိယအစိုးရနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ဒီဗွီဘီ ကို ပြောပါတယ်။
ဦးဇိုဇမ်က သူအနေနဲ့ မကြာသေးခင် အချိန်တုန်းကပဲ ကုလားတန် မြစ်ကြောင်းတလျှောက် စီမံကိန်းနဲ့ ပတ်သက်တာတွေကို လေ့လာခဲ့ပြီး တွေ့ရှိချက်အရ အကျိုးနဲ့ အပြစ်ကို တင်ပြ ဆွေးနွေးမယ်လို့ ဆိုပါတယ်။
ကုလားတန်မြစ် ဘက်စုံစီမံကိန်းမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မြန်မာဘက်က ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို ချိတ်ဆက်ပေးမယ့် မြစ်ကြောင်းတလျှောက် ရေလမ်း သယ်ယူပို့ဆောင်ရေးလုပ်တာ၊ အဝေးပြေးကားလမ်း ဖောက်တာ၊ စစ်တွေဆိပ်ကမ်း အဆင့်မြှင့်တင်တာနဲ့ မြစ်ကြောင်းပြုပြင်တာစတာတွေ ပါဝင်မယ်လို့ သိရပါတယ်။