ဆန်ဈေးတက်လို့ အရန်ဆန် ထုတ်ရောင်း
DVB
·
September 17, 2013
လက်ရှိကာလ ဆန်သစ်မပေါ်ခင် ဆန်ဈေးနှုန်း တရိပ်ရိပ်မြင့်တက်လာမှုကြောင့် ရန်ကုန်တိုင်း ဆန်စပါးကုန်စည်ဒိုင်ဟာ ၁ ရက်ကို အရန်ဆန် အိတ် ၂၀၀၀ လောက် ထုတ်ရောင်းပေးနေတယ်လို့ ဘုရင့်နောင်ပွဲရုံတန်းက ဆန်လုပ်ငန်းရှင် ဒေါ်ငယ်လေးက ပြောပါတယ်။
အရန်ဆန် ၁ အိတ်ကို ကျပ် ၁၆,၃၀၀ နဲ့ ရောင်းချပေးပေမယ့် အရေအတွက်နည်းတာ၊ ဆန်သားတက်ပြီး ဆန်အရည်အသွေး သိပ်မကောင်းတာကြောင့် လက်ရှိ ဆန်ဈေးနှုန်းတွေ ကျမသွားဘူးလို့ သူက ရှင်းပြပါတယ်။
လက်ရှိ ဆန်ချော ရွှေဘိုပေါ်ဆန်း ၁ အိတ် ကျပ် ၃၅၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကြမ်း ၁ အိတ် ကျပ် ၁၈၅၀၀ ၀န်းကျင် ဈေးပေါက်နေဆဲ ဖြစ်ပါတယ်။