ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်
DVB
·
January 15, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်း၊ မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင်တစ်ဆိုင်မှာ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၁၄ ရက်ည ၈ နာရီ ၃၅ အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားမှုအခြေအနေနဲ့ ပက်သက်ပြီး YRO ဒုတိယဥက္ကဋ္ဌ ဦးဝင်းသူက "မီးလောင်တာ ဟုတ်ပါတယ်။ များများစားစားထိခိုက်မှုတော့မရှိပါဘူး။ ဆိုင်ရှင်အမျိုးသမီးတစ်ဦး မူးလဲခဲ့တဲ့ဖြစ်စဉ်ပဲရှိခဲ့ပါတယ်။ လူသေဆုံးမှုမရှိခဲ့ပါဘူး" လို့ ပြောပါတယ်။
မီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က level1 အဆင့်သတ်မှတ်ထားပြီး မီးသတ်ရေယာဉ် အစီး ၂၀ လောက်အသုံးပြုခဲ့ပြီး ၈ နာရီ ၄၆ မိနစ်အချိန်မှာ မီးကိုငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo - JPaing / MPA