ဗဟိုအာဖရိကသမ္မတနိုင်ငံမြို့တော်ကို သူပုန်တပ်ဖွဲ့က တိုက်ခိုက်

83
ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ ဇန်နဝါရီ ၁၃ ရက်က မြို့တော်ကို သူပုန်တွေ တိုက်ခိုက်ခဲ့ ပေမဲ့ အစိုးရတပ်တွေနဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့တွေက ပြန်တွန်းလှန်ခဲ့ပါတယ်။
ရုရှားနဲ့ ရဝမ်ဒါက ရောက်လာတဲ့ တပ်အကူအညီတွေနဲ့ CAR စစ်တပ်ဟာ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ဖို့ ကြိုးပမ်းနေတဲ့ သူပုန်အဖွဲ့တွေကို ပြန်တိုက်ထုတ်နေပါတယ်။
မြို့ မြောက်ပိုင်းအပါအဝင် ဆင်ခြေဖုံး နေရာအတော်များများကို သူပုန်အဖွဲ့ တိုက်ခိုက်ခဲ့ပြီး နောက်မှာ ပေါက်ကွဲမှုတွေနဲ့ ရဟတ်ယာဉ်တွေ ပျံဝဲနေတာ တွေ့တယ်လို့ မျက်မြင်တစ်ဦးက ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးတယ်လို့လည်း အင်အား ၁၀၀၀၀ လောက်ရှိတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့က ဆိုပါတယ်။
ဒီဇင်ဘာ ၂၇ ရက် ရွေးကောက်ပွဲမှာ မဲလိမ်မှုရှိတယ်ဆိုပြီး ပြောဆိုနေပေမဲ့ လက်ရှိ သမ္မတ တိုဒါတာကို အနိုင်ရသူလို့ ကြေညာခဲ့ပြီး နောက်မှာတော့ ရွေးကောက်ပွဲ ပဋိပက္ခတွေ မြင့်တက်လာပါတယ်။
သူပုန်တွေရဲ့ တိုက်ခိုက်မှုကို သမ္မတဟောင်း ဖရန်ကိုဘော်ဇီက ကူညီအားပေးနေတယ်လို့ ကုလသမဂ္ဂကဆိုပေမဲ့ သမ္မတဟောင်းကတော့ တိုက်ရိုက်တုံ့ပြန်တာ မရှိဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။