A d v e r t i s e m e n t With Us

ထိုင်ဝမ်ကို ထွက်ပြေးသည့် ဒီမိုကရေစီရေးတက်ကြွသူများကို ကူညီသူ ၁၁ ဦး ဖမ်းဆီးခံရ

ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ထိုင်ဝမ်ကို ထွက်ပြေးရာမှာ ကူညီ ပေးတယ်လို့ စွပ်စွဲပြီး ဟောင်ကောင်ရဲတပ်ဖွဲ့က လူ ၁၁ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။  အဖမ်းခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၇၂  နှစ်အကြား အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး  ၃ ယောက်တို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လက ပြည်မကြီးမှာ ထိန်းသိမ်းခံရသူ ၁၂ ယောက်ကို ကူညီခဲ့တဲ့  ရှေ့နေ ဒန်နီယယ်ဝေါင်ဟာလည်း အဖမ်းခံရသူတွေထဲ ပါဝင်ပါတယ်။  ဒါနဲ့ပတ်သက်လို့  အချက်အလက်တွေ စုစည်းနေဆဲဖြစ်ပြီး ချက်ချင်း မှတ်ချက်မပေးနိုင် သေးဘူးလို့ ရဲတပ်ဖွဲ့က ရိုက်တာကို ပြောပါတယ်။  အဖမ်းခံရသူတွေဟာ ၂၀၁၉ ဟောင်ကောင်အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ စွဲချက်ရင်ဆိုင်နေရသူတွေကို ကူညီပေးတဲ့ သံသယနဲ့ အဖမ်းခံရတာလို့ ဒေသခံ မီဒီယာက ဆိုပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ   တရုတ်တရားရုံးက  ဟောင်ကောင်ဒေသခံ ၁၀ ယောက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့အတွက် ထောင်ဒဏ်  ၇ လနဲ့ ၃ လကြား ချမှတ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up