ညောင်ပင်လေးဈေး မီးလောင်
DVB
·
September 17, 2013
ရန်ကုန်မြို့လယ်ခေါင် လမ်းမတော်မြို့နယ် လူစည်ကားရာနေရာမှာရှိတဲ့ ညောင်ပင်လေး ဈေးကြီးမှာ အသေးစားမီးလောင်မှုတခု ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
ဈေးအပေါ်ထပ် ၄ လွှာမှာရှိတဲ့ ကုမ္ပဏီရုံးခန်းတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီကနေ ၁၀ နာရီ ၁၇ မိနစ်အထိ ၁၇ မိနစ်ကျော်ကြာ လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုမရှိဘဲ ကွန်ပြူတာနဲ့ စာရွက်စာတမ်းတွေ မီးလောင်ပျက်စီးသွားတယ်လို့ ရန်ကုန် ဆူးလေးရှိ ဗဟိုမီးသတ်ဌာနက ပြောပါတယ်။ အဲယားကွန်းလေအေးစက် ၀ါယာရှော့ဖြစ်ပွားရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရခဲ့တာတော့ မရှိခဲ့ပါဘူး။
Read more