ကယ်လီဖိုးနီးယား ဒစ္စနေလန်းရှိ ယာဉ်ရပ်နားရာနေရာ ကားပါကင်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး အစုလိုက် ထိုးနှံတဲ့ နေရာအဖြစ် ဇန်နဝါရီ ၁၃ ရက်မှာ ပြောင်းလဲအသုံးပြုလိုက်ပါတယ်။
ဇန်နဝါရီ ၁၄ ရက်ဟာ ဒစ္စနေလန်းအပန်းခြေစခန်းကို ပိတ်ထားတာ ၁၀ လပြည့်တဲ့ ရက် ဖြစ်တယ်လို့ အန်နာဟိမ်း မြို့တော်ဝန်က ဆိုပါတယ်။
မရှိမဖြစ်လုပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက်၇၅ နှစ်နဲ့ အထက်လူကြီးတွေ အပါအဝင် ကာကွယ်ဆေးထိုးနှံရေးရဲ့ ပမထအသုတ်မှာပါဝင်တဲ့ လူတွေက ဇန်နဝါရီ ၁၃ ရက် အစောပိုင်းကတည်းက ကာကွယ်ဆေး ထိုးနှံခံဖို့ တန်းစီခဲ့ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီ ၁၃ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ဒစ္စနေလန်းကာကွယ်ဆေး ထိုးနှံရေးနေရာနဲ့ ကြိုစီစဉ်ထားတဲ့ နေရာ ၅ ခု အတွက် ကာကွယ်ဆေး မလောက်ငမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
“အမေရိကန်နဲ့ ကမ္ဘာရဲ့ နည်းပညာမြို့တော်ဖြစ်တဲ့ ကယ်လီဖိုးနီးယားဟာ ကာကွယ်ဆေး အချိန်မီ ထိုးနှံရာမှာ တခြားပြည်နယ်တွေထက် နောက်ကျနေတယ်”လို့ Orange County ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ကာကွယ်ဆေး သယ်ပို့တဲ့ အခြေအနေပေါ် မူတည်ပြီး အကန့်အသတ်နဲ့သာ ရရှိတာမို့ ပြည်နယ်တစ်ခုလုံးကို ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ မဖြစ်နိုင်ဘူး”လို့လည်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ အန်ဒရူး ဒူက ပြောပါတယ်။