တောင်ကိုရီးယားသမ္မတဟောင်း ပတ်ကွမ်ဟေး၏ ပြစ်ဒဏ် အနှစ် ၂၀ လျှော့ချ

210
အာဏာအလွဲသုံးစားမှုနဲ့ အကျပ်ကိုင်မှုမှာ ပြစ်မှုထင်ရှားခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ကွမ်ဟေးရဲ့ ထောင်ဒဏ်ကို တရားရုံးချုပ်က အနှစ် ၂၀ လျှော့ချ သတ်မှတ်လိုက်ပါတယ်။
သမ္မတဟောင်း ပတ်ခ်ကို မူလက ထောင်ဒဏ် အနှစ် ၃၀ ဝန်းကျင် နဲ့ ငွေဒဏ် ဝမ် ဘီလီယံ ၂၀ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်မှာ ထောင်ဒဏ် ၂၀ နဲ့ ငွေဒဏ် ဝမ် ၁၈ ဘီလီယံ အထိ လျှော့ချခဲ့တာပါ။
ခြစားမှု အရှုပ်တော်ပုံကြီးပေါ် ပေါက်ခဲ့ပြီးနောက် တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ပတ်ခ်ဟာ ၂၀၁၇ ခုနှစ်မှာ ရာထူးက ဖယ်ရှားခံရပါတယ်။
ဒီခြစားမှုကြောင့် တောင်ကိုရီးယားထိပ်တန်းကော်ပိုရေးရှင်း အကြီးအကဲ နှစ်ယောက်ဟာ လည်း ထောင်ဒဏ်ချမှတ်ခံရပါတယ်။
ပတ်ခ်ဟာ အဂတိလိုက်စားမှုကြောင့် ရာထူးကနေ ဖယ်ရှားခံရတဲ့ ပထမဆုံး ဒီမိုကရက်တစ် နည်းလမ်းတကျ ရွေးကောက်ခံရတဲ့ သမ္မတလည်း ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။