ထိုင်းအိုးပင်း ကြက်တောင်ရိုက်ပြိုင်ပွဲဝင် အားကစားသမားအချို့ ကိုဗစ်-၁၉ ကူးစက်ခံရ

58
ကြက်တောင်ရိုက် အားကစားသမားတချို့ ကိုဗစ်-၁၉ ကူးစက်ခံထားရလို့ ထိုင်းအိုးပင်း ကြက်တောင်ရိုက်ပွဲ ကျင်းပတဲ့ ကြက်တောင်ကွင်းတွေကို နေ့တိုင်း ပိုးသတ်နေတယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။
ကြိုတင်သတိထားတဲ့အနေနဲ့ ကစားသမားအားလုံးနဲ့ သူတို့အဖွဲ့ဝင်တွေ အားလုံးကို ကိုဗစ်-၁၉ ကူးစက်ခံ ဟုတ်၊ မဟုတ် အာခေါင်တို့ဖတ်ယူပြီး စစ်ဆေးပြီးပြီလို့ အရာရှိတွေက ပြောပါတယ်။
ထိုင်းအိုးပင်းကစားပွဲဟာ ကမ္ဘာ့ကြက်တောင်အသင်းချုပ်ရဲ့ အာရှပထမ အားကစားပွဲစဉ်လည်း ဖြစ်ပါတယ်။ အားကစားပွဲစဉ်တွေအားလုံးကို ပွဲကြည့်ပရိသတ် မရှိဘဲ တံခါးပိတ် ကျင်းပမှာပါ။
အိန္ဒိယ ကစားသမား ဆိုင်နာနာဝယ် အပါအဝင် ကစားသမား ၄ ဦးနဲ့ ကမ္ဘာ့အဆင့် ၂၈ အမျိုးသားကြက်တောင်အားကစားသမား HS ပရာနွိုင်တို့လည်း ကိုဗစ်-၁၉ ကူးစက်ခံထားရလို့ ပွဲစဉ်ထဲကနေ ထွက်ထားရပါတယ်။
ကစားသမား ၄ ယောက်ထဲက ၃ ယောက် ကူးစက်ခံထားရပေမယ့် တခြားလူတွေကို ထပ်ကူးစက်နိုင်စွမ်းမရှိတဲ့ အခြေအနေကို စစ်ဆေးတွေ့ရှိလို့ ပြန်ကစားဖို့ ခွင့်ပြုချက်ကို ဇန်နဝါရီ ၁၂ ရက်မှာ ရခဲ့ပါတယ်။