A d v e r t i s e m e n t With Us

အီရန်တွင် အယ်လ်ကေဒါ နယ်မြေသစ်ရှိနေဟု အမေရိကန်ပြော

အယ်လ်ကေဒါတွေရဲ့ နယ်မြေသစ်ဟာ အီရန်မှာ ရှိနေတယ်လို့ ခိုင်မာတဲ့သက်သေမရှိဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ်ပွန်ပေအိုက ဇန်နဝါရီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။ အီရန်ဟာ အယ်လ်ကေဒါ ခေါင်းဆောင်တွေနဲ့ ထောက်ပံ့သူတွေအတွက် ဘေးကင်းတဲ့ ခိုလှုံရာကို ပေးထားတယ်လို့  အမေရိကန် မြို့တော် ဝါရှင်တန်က အမျိုးသားစာနယ်ဇင်းကလပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပွန်ပေအိုက ပြောလိုက်တာပါ။ အယ်လ်ကေဒါတွေဟာ အီရန်မှာ ဝပ်ကျင်းတူးထားလို့ အမေရိကန်အစိုးရဟာ ဒီအုပ်စုကို ကိုင်တွယ်ဖို့ ပိုနည်းတဲ့ နည်းလမ်းတွေပဲ ရှိတော့တယ်လို့ သူက ပြောပါတယ်။  ဒါဟာ မနှစ်က သြဂုတ် ၇ ရက်မှာ အယ်လ်ကေဒါ ခေါင်းဆောင် အယ်လ်မာစရီ သေဆုံးပြီး နောက်ပိုင်း ပထမဆုံး လူသိရှင်ကြား ပြောတာလည်း ဖြစ်ပါတယ်။ ထောက်လှမ်းရေးအသိုင်းအဝိုင်းနဲ့ အောက်လွှတ်တော်ကတော့ ပွန်ပေအိုရဲ့ စကားကို သံသယ ရှိနေကြပါတယ်။ အီရန်အခြေစိုက် အယ်လ်ကေဒါ ခေါင်းဆောင်တွေနဲ့ အယ်လ်ကေဒါ ကာဒစ်ရှ်တိုက်ပွဲ ခေါင်းဆောင် ၃ ယောက်ကို ဒဏ်ခတ်မှု ချမှတ်ထားတယ်လို့လည်း ပွန်ပေအိုက ပြောပါတယ်။ အီရန်အအခြေစိုက် အယ်လ်ကေဒါ ခေါင်း‌ဆောင် မူဟမ်မဒ်အဘ်ဘာတေ ဆိုတာ ဘယ်သူဘယ်ဝါ ဆိုတာနဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၇ သန်း ဆုကြေးပေးမယ်လို့လည်း ပွန်ပေအိုက ကြေညာပါတယ်။ အီရန်ဟာ အယ်လ်ကေဒါတွေနဲ့ အတိတ်ကတည်းက အဆက်အသွယ်ရှိတယ်လို့လည်း ခိုင်မာတဲ့သက်သေ မပေးဘဲ သူက စွပ်စွဲခဲ့ပါသေးတယ်။ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်က ၂၀၁၈ မှာ နုတ်ထွက်ပြီး ကတည်းက အီရန်နဲ့ အမေရိကန် အစိုးရနှစ်ရပ်ကြား ဆက်ဆံရေး ယိုယွင်းခဲ့ပါတယ်။ အီရန် စစ်တပ်ခေါင်းဆောင် ကာဆမ်ဆူလေမာနီနဲ့ နျူကလီးယားပညာရှင်တို့ လုပ်ကြံခံရအပြီးမှာတော့ ဆက်ဆံရေး ပိုဆိုးရွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up