A d v e r t i s e m e n t With Us

စွပ်စွဲပြစ်တင်မှုများကို ဒေါသထွက်သော်လည်း အကြမ်းဖက်မှု မလိုလားဟု သမ္မတထရမ့် ပြော

ရာထူးက နုတ်ထွက်ဖို့ ဖိအားပေးခံနေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ကို စွပ်စွဲ ပြစ်တင် ဖြုတ်ချဖို့ ကြိုးစားတာတွေအတွက် အကြီးအကျယ် ဒေါသထွက်ပေမဲ့ သူက အကြမ်းဖက်တာကို မလိုလားဘူးလို့ ဇန်နဝါရီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။ မက္ကဆီကိုနဲ့ နယ်စပ် တက္ကဆက်ပြည်နယ် အလာမိုမြို့က နယ်စပ်တံတိုင်းဆီ ခရီးစဉ်အတွင်း ထရမ့်က သတင်းထောက်တွေကို ပြောလိုက်တာပါ။ ဒါဟာ ဇန်နဝါရီ ၈ ရက် လွှတ်တော်စီးနင်းမှုအပြီး သူ နုတ်ထွက်မလားဆိုတဲ့ မေးခွန်းကို မဖြေတဲ့ ထရမ့်ရဲ့ သတင်းထောက်တွေကို ပြောတဲ့ ပထမဆုံး မှတ်ချက်လည်း ဖြစ်ပါတယ်။ သူ့ကို ထောက်ခံသူတွေက အမေရိကန် အောက်လွှတ်တော်ကို ပြီးခဲ့တဲ့သီတင်းပတ်က ဝင်စီးအပြီး ခုလို နောက်ဆက်တွဲဖြစ်ရပ်တွေ ပေါ်လာခဲ့တာပါ။ သူ့ကို စွပ်စွဲပြစ်တင်ဖို့ အကွက်ရွှေ့တာဟာ အောက်လွှတ်တော် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဆူပူအုံကြွအောင် ဆွပေးနေတဲ့ စွဲချက်လို့ ထရမ့်က ဆက်ပြောပါတယ်။ ဒါဟာ သူ့ကို မလိုလားလို့ ဖယ်ရှားဖို့ ဆက်လုပ်နေတဲ့ကိစ္စလို့လည်း ပြောပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှာ ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ အောက်လွှတ်တော်က မဲပေးခဲ့ရင် ထရမ့်ဟာ သူ့သက်တမ်းမှာ နှစ်ကြိမ် စွပ်စွဲပြစ်တင်ခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာမှာပါ။

A d v e r t i s e m e n t With Us

More News
Up